အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA ပြိုင်ပွဲ၌ တွေ့ရစဉ်

 MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် ၏ ချန်ပီယံဆုကာကွယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ  ဦးဇေသီဟက ပြောကြားသည်။

ဆွီဒင်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအား အီဘရာဟီမိုဗစ်ခ်ျ အား ကျော်ဖြတ်၍ အန်ဒရီရက်စ်ဂရန်ဗစ် ရရှိခဲ့

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့်၂၀၁၇ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခဲ့ရာတွင် အဆိုပါဆုအား ဆယ်စုနှစ်တစ်ခုကြာကြီးစိုးထားသည့် တိုက်စစ်မှူးဟောင်းဖြစ်သူ အီဘရာ ဟီမိုဗစ်ခ်ျအား ကျော်ဖြတ်၍ နောက်တန်းကစားသမားဖြစ်သူ အန်ဒရီရက်စ် ဂရန်ဗစ်က ရရှိခဲ့ကြောင်း အတည်ပြု သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ အီဘရာဟီမိုဗစ်ခ်ျသည် လက်ရွေးစင်အသင်းမှ အနားမယူခင် ကာလများတွင် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနိုင်ခဲ့ခြင်းကြောင့် ၂၀၀၇ခုနှစ်မှစတင်၍ ၂၀၁၆ အထိ ၁၀နှစ်ဆက်တိုက်အကောင်းဆုံးကစားစမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ပြက္ခဒိန်တစ်နှစ်အတွင်း ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးအဖြစ် စီရော်နယ်လ်ဒိုစံချိန်တင်

ရီးရဲလ်တိုက်စစ်မှူးစီရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ကအေပိုးလ်နဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ယခင်ကသူတင်ထားခဲ့တဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း ချန်ပီယံလိဂ် ဂိုးသွင်း အများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ (၂၀၁၇)ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဂိုး(၁၈)ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ချန်ပီယံလိဂ် သွင်းဂိုး(၁၆)ဂိုးသွင်းခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

စပိန် တင်းနစ်အကျော်အမော် နာဒယ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်ရရှိ

၂၀၁၇ တင်းနစ်ပြိုင်ပွဲရာသီ ကုန်ဆုံးချိန်မှာ စပိန်တင်းနစ်ကစားသမား ရာဖေးလ် နာဒယ်က ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိပြီး ရာသီသိမ်းနိုင်ခဲ့သလို နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာကတော့ အဆင့် ၂ နေရာ ရရှိခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ၂၀၁၇ နှစ်စပိုင်း ပြိုင်ပွဲတွေ စတင်ချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့်  အဆင့် ၉ နဲ့ အဆင့် ၁၆ နေရာတွေမှာပဲ ရှိခဲ့ပေမယ့် ရာသီအကုန်မှာတော့ အခုလို အောင်ပွဲခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် လေအေးပေးစနစ်ကို စိုက်ပျိုးရေးလုပ်ငန်းများတွင် စတင်အသုံးပြု

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုသွားမယ့် လေအေးပေးစနစ်ကို ကာတာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ စတင်အသုံးနေပြီဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းတွေမှာ အသုံးပြုသွားမယ့် အအေးပေးစနစ်က အလွန်အရေးပါတဲ့ ကဏ္ဍတစ်ရပ်မှ ပါဝင်နေကြောင်း ကာတာအမွေအနှစ် ထိန်းသိမ်းရေးနဲ့ လက်ဆင့်ကမ်းရေးကော်မတီ အထွေထွေအတွင်းရေးမှုး ဟတ်ဆန်အယ်လ်သာဝတီက ပြောကြားခဲ့ပါတယ်။

UEFA မှ ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ စပိန်ကစားသမား (၆)ဦးအထိ ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

UEFA သည် ၂၀၀၁ ခုနှစ်မှစ၍ နှစ်အလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး ယခုအခါ ယင်းကဲ့သို့ ရွေးချယ်ခဲ့သည့် စုစု ပေါင်း(၁၆)နှစ်အတွင်းမှ ပြန်လည်အနှစ်ချုပ်ကာ ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ရတနာပုံတိုက်စစ်မှူးအောင်သူ ထိုင်းကလပ်သို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရ

 

(ဓာတ်ပုံ − MFF)

ရတနာပုံကလပ်အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ် မှူး အောင်သူသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ တွင် ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောသည်။

နည်းပြတိုနီပူးလစ်ကို ၀က်စ်ဘရွန်းအသင်းထုတ်ပယ်

ဝက်စ်ဘရွန်းအသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြတိုနီပူးလစ်ကို ထုတ်ပယ်လိုက်ပြီလို့ ကြေညာသွားခဲ့ ပါတယ်။

တိုနီပူးလစ်ဟာတန်းမဆင်းရအောင် စွမ်းဆောင်နိုင်သည့် နည်းပြတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရ ပေမယ့်လည်း ၀က်စ်ဘရွန်းအသင်းမှာ ၁၀ပွဲဆက်နိုင်ပွဲပျောက်နေပြီး ၂၀၁၇၊ ဖေဖေါ်ဝါရီလနောက်ပိုင်းတွင် ပရီးမီးယားလိဂ်နိုင်ပွဲသုံးပွဲသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဲဒီသုံးပွဲထဲက နှစ်ပွဲကိုဒီရာသီမှာရယူနိုင်ခဲ့ပြီး အသင်းက အဆင့် ၁၇နေရာမှာရပ်တည်နေရတာကြောင့် တိုနီပူးလစ်အနေနဲ့ အခုလို ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်

 

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲနှင့် ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ဆုံးဖြတ် ချက်ကို မကျေနပ်ပါက အယူခံဝင်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာ ဖြစ်ကြောင်း မြန်မာနည်းပြ ဂတ်ဇီဆီ ပြော

 နိုဝင်ဘာ ၁၅၊ ဂိုအာ

အိန္ဒိယအသင်းနှင့် ၂ ဂိုးစီသရေကျပြီးနောက်တွင် မြန်မာနည်းပြ ဂတ်ဇီဆီက မြန်မာအသင်းအနေဖြင့် အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာရှိကြောင်း ပြောဆိုလိုက်သည်။

အိန္ဒိယနှင့်ပွဲတွင် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရပြီး သရေကျခဲ့ရသည့်အတွက် မြန်မာနည်းပြ ဂတ်ဇီဆီမှာ မကျေမနပ်ဖြစ်လျက်ရှိသည်။ ပွဲအပြီးအတွင် ဂတ်ဇီဆီက မြန်မာတိုက်စစ်မှူးများ၏ အားနည်းမှုနှင့် ကစားသမားများ၏ ကြံ့ခိုင်မှု မပြည့်ဝခြင်းများကို ဝေဖန်ပြောကြားသွားခဲ့သည်။