လာမည့်နှစ်မှာ ကစားသမားဘ၀မှ အနားယူတော့မည် ဖြစ်ကြောင်း ဒရော့ဘာ အတည်ပြု

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာဟာ ၎င်းအနေဖြင့် လာမည့်နှစ်မှာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ်ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။

ရီးယဲလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် ငြင်းပယ်ပြီး အသင်းပြောင်းခွင့်ပြုရန် စီရော်နယ်ဒို တောင်းဆို

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်လိုက်ပြီး ၎င်း၏ တန်ဖိုးနှင့် ကိုက်ညီသော ပြောင်းရွှေ့ကြေးရပါက အသင်းပြောင်းခွင့်ပြုရန် တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

လက်ရှိစာချုပ်သက်တမ်းမှာ  ၂၀၂၁ ခုနှစ်အထိ ဖြစ်သော်လည်း ရီးယဲလ်တွင် ဆက်လက်ကစားလိုခြင်း မရှိတော့သောကြောင့် ယခုနှစ်ရာသီအကုန်၌ပင် အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒိုက ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ထံ တောင်းဆိုခဲ့သည်ဟု El Chiringuito TV သတင်းထောက် အက်ဒူအဂွီရီက ဆိုသည်။

ဥရောပထိပ်သီးအသင်းများတွင် လုပ်ခလစာအများဆုံးပေးချေရမှုအများဆုံး အသင်းအဖြစ် ပီအက်စ်ဂျီ ထိပ်ဆုံး နေရာတွင် ရပ်တည်

 

ပြင်သစ်လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ဘရာဇီးတိုက်စစ်မှူး နေမာအား ခေါ်ယူခဲ့ပြီးနောက် တစ်နှစ်လျှင် လုပ်ခ လစာစုစုပေါင်း ပေါင်သန်း ၂၇၉ အထိပေးချေရမည်ဖြစ်သည့်အတွက် ဥရောပအသင်းများ အားလုံးတွင် လစာအများဆုံးပေးချေရသည့် အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ရန် မိုဖာရာ ရည်ရွယ်

တိုကျိုမြို့မှာပြုလုပ်မယ့် ၂၀၂ဝ အိုလံပစ်ပြိုင်ပွဲမှာ နာမည်ကြီးအပြေးသမား မိုဖာရာက ရွှေတံဆိပ်ဆု ထပ်မံ ဆွတ်ခူး နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အိုလံပစ်ရွှေတံဆိပ် ၄ ဆု ရရှိထားသူ မိုဖာရာဟာ အစောပိုင်းက အနားယူထားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ နေးလ်ဘလက်က မိုဖာရာအနေနဲ့ ၂၀၂၀ အိုလံပစ်မှာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြု ခဲ့တာပါ။

နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကနေမျက်ရည်နဲ့အဆုံးသတ်ခဲ့ရတဲ့ ဘူဖွန်

 ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအကျော့ play-off ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဘူဖွန်က အီတလီလက်ရွေးစင်အဖြစ်ကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။

ပထမအကျော့ ပွဲစဉ်မှာ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အီတလီဟာ ဆန်စီယိုကွင်းမှာ ကစားတဲ့ ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်ပဲ ရခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပါ ဘူး။ ဒါဟာ အီတလီအသင်းအတွက် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အားကစား ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မည့် ရိုင်ယန်ဂစ်

မန်ယူ ဂန္တ၀င် ကစားသမားဟောင်း ဖြစ်သူ ရိုင်ယန်ဂစ်ဟာ ဗီယက်နမ် ဘောလုံး အကယ်ဒမီ တစ်ခုမှာ အားကစား ဒါရိုက်တာ အဖြစ် ၂ နှစ် စာချုပ် ချုပ်ဆိုကာ တာဝန်ယူ ဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိကြောင်း သိရပါတယ်။

အိန္ဒိယနှင့်ပွဲ၌ ခြေစစ်ပွဲအောင်ရန် လိုအပ်သည့်အမှတ်ရမည်ဟု မြန်မာနည်းပြ ယုံကြည်

အာရှဖလားခြေစစ်ပွဲ၌ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်မည့် အဝေးကွင်းပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင် ရန် လိုအပ်သည့် အမှတ်ရမည်ဟု ယုံကြည် ကြောင်း နည်းပြချုပ်ဂတ်ဖရိုင်းဒ ရစ်က ပြောသည်။

မန်ယူအရန်ကစားသမားများနှင့် ကွင်းလယ်လူ ပေါ့ဘာ လေ့ကျင့်ခန်းဆင်း

ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ယူ အရန်အသင်းကစားသမားအချို့နဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၂)ရက်က ဘေဆယ်လ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်ယူ နောက်ဆုံး ကစားခဲ့တဲ့ (၁၂)ပွဲကိုပေါ့ဘာလွဲချော်ခဲ့ရပါတယ်။ အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ နည်းပြမော်ရင်ဟိုရဲ့အသင်းမှာ ပြန်လည် ကစားနိုင်ဖို့ ရှိနေပါတယ်။

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရပါက မိုင် ၄၀ကျော် လမ်းလျှောက်မည်ဟု မက်ဆီပြောကြား

၂၀၁၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းရမည် ဆိုပါက မွေးရပ်မြို့ ရိုဆာရီယိုမှ မိုင် ၄၀ ကျော် ကွာဝေးသော ဆန်နီကိုးလာ့စ်မြို့သို့ ခြေကျင်လျှောက် သွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပြောကြားသည်။

မော်စကိုတွင် ရုရှား၊ နိုင်ဂျီးရီးယားတို့နှင့် ခြေစမ်းပွဲမပြိုင်မီ လာမည့်နွေရာသီ၌  ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဖလားရပါက ရိုဆာရီယိုမှ ဆန်နီကိုးလာ့စ်သို့ ခြေကျင်ဘုရားဖူးသွားသူများနှင့်အတူ လိုက်ပါ လမ်းလျှောက်မည်ဟု မက်ဆီက ပြောသည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်း အပြင်းအထန် ပြန်လေ့ကျင့်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်းအနေနဲ့ လက်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ လေ့ကျင့်နေပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ မေလက အဲဗာရက်စ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ခွဲစိတ်ခဲ့ရတဲ့အတွက် လက်ဝှေ့လောကကနေ ခေတ္တအနားယူနေတာလည်း ဖြစ်ပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ အင်စတာဂရမ်မှာ လက်ဝှေ့ အပြင်းအထန် လေ့ကျင့်နေတဲ့ ဗွီဒီယို တင်ခဲ့ပြီး အဆိုးရွားဆုံးတွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီလို့ ရေးသားခဲ့တာပါ။