ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်း အပြင်းအထန် ပြန်လေ့ကျင့်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်းအနေနဲ့ လက်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ လေ့ကျင့်နေပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ မေလက အဲဗာရက်စ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ခွဲစိတ်ခဲ့ရတဲ့အတွက် လက်ဝှေ့လောကကနေ ခေတ္တအနားယူနေတာလည်း ဖြစ်ပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ အင်စတာဂရမ်မှာ လက်ဝှေ့ အပြင်းအထန် လေ့ကျင့်နေတဲ့ ဗွီဒီယို တင်ခဲ့ပြီး အဆိုးရွားဆုံးတွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီလို့ ရေးသားခဲ့တာပါ။

အေမာခန်းဟာ သူ့မှတ်တမ်းတွေအရ ၃၅ ပွဲ ထိုးသတ်ထားတာမှာ ၃၁ ပွဲနိုင်၊ ၄ ပွဲရှုံးရလဒ် ရရှိထားသလို ကမ္ဘာ့ချန်ပီယံဆု ရရှိထားတဲ့ ဗြိတိသျှလက်ဝှေ့သမားတဦးလည်း ဖြစ်ပါတယ်။  

  (DVB)