ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မော်ရင်ဟို

မန်ယူအသင်း နည်းပြ မော်ရင်ဟိုကတော့ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၄ အရွယ်သာရှိသေးတဲ့ ဒိုင်ဘာလအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့သူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒိုင်ဘာလာကို အသင်းကနေ ထွက်ခွာဖို့များနေတဲ့ မာတာ၊ အမ်ခီတာယန်းတို့ နေရာမှာ အစားထိုး နိုင်ရေးအတွက် ခေါ်ယူချင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒိုင်ဘာလအနေနဲ့လည်း ဂျူဗင်တပ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းချင်နေတယ်လို့ ပြောဆိုထားသူဖြစ်ပြီး ၎င်းရဲ့ အသင်းဖော်ဟောင်း ပေါ့လ်ဘာ ရှိတဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ များနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုကလည်း ၎င်းကို ပေါင် သန်း ၆၀ နဲ့ အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါ တယ်။

ဒါပေမယ့်လည်း အခြားသော ကလပ်အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကလည်း ဒိုင်ဘာလာ ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာကြောင့် မန်ယူအသင်းအနေနဲ့ ၎င်းကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။  

Ref: Daily Star