မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ၄င်း၏ ဒဏ်ရာ အခြေအနေကြောင့် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပွဲစီစဉ်သူ ကီးမား ဦးတင်ဝင်းထံမှ သိရသည်။
မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ၄င်း၏ ဒဏ်ရာ အခြေအနေကြောင့် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပွဲစီစဉ်သူ ကီးမား ဦးတင်ဝင်းထံမှ သိရသည်။
ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ ခရိုအေးရှား တစ်နှစ်တာအကောင်ဆုံးဆိုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါဟာ အရင်ကစံချိန်ရှင်ဖြစ်တဲ့ ဒေဗာဆူကာရဲ့ဆုရရှိမှုအရေအတွက်ကို လိုက်မီသွားခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ခရိုအေးရှားအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာ အဓိကကျခဲ့သူ ဖြစ်ပြီး ဂရိနဲ့ ကစားခဲ့တဲ့ Play- off ပွဲစဉ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။
ရှုံးပွဲမရှိ စံချိန်ရရှိထားတဲ့ ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီ ဂျော်ရွှာဟာ လာမယ့် မတ်လမှာ ရှုံးပွဲမရှိ လူငယ် လက်ဝှေ့ကျော် ဂျိုးဆက်ဖ်ပါကာနဲ့ ထိုးသတ်ဖို့ ၉၅ ရာခိုင်နှုန်းထိ သေချာနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဂျော်ရွှာဟာ WBA,IBF နဲ့ IBO ရွှေခါးပတ်ဆုရရှိထားခဲ့တဲ့ ဂျော်ရွှာဟာ ပွဲ ၂၀ ထိုးသတ်ပြီး အလဲထိုးပွဲ ၂၀ ရလဒ်ကို ရရှိထားသလို ရှုံးပွဲ လုံးဝမရှိသေးတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။
Tuesday, January 2, 2018
ထိုင်းလိဂ်ဝမ်းကလပ် ပိုလစ်တယ်ရိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အောင်သူဟာ ထိုင်းလူမှုကွန်ရက် တွေမှာ ရေပန်းစားနေပါတယ်။ ထိုင်းနိုင်ငံ ချန်နယ် ၃ ရုပ်သံလိုင်းက ထုတ်လွှင့်ချက်ထဲမှာ တိုက်စစ်မှူး အောင်သူ ရောက်ရှိလာပြီးနောက် ပြိုင်ဘက်ကလပ်အသင်းတွေက ပိုမိုသတိထားလာကြသလို ကလပ်အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပရိသတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဟိန်းစည်သူက အနိုင်ရဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ မြန်မာနိုင်ငံသား ဟိန်းစည်သူအနေနဲ့ နောက်ဆုံးနေ့မှာ သတ်မှတ် ရိုက်ချက်ထက် ၅ ချက်လျှော့ ရိုက်ပြီး စုစုပေါင်းသတ်မှတ်ရိုက်ချက်အတိုင်း ၂၁၆ ချက် နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၂၉၊ စပိန်
FIFA The Best ဆု၊ Ballon d’Or ဆု၊ Globe Soccer Awards ဆုတွေကို ရရှိခဲ့တဲ့ ရီးယဲလ်ကြယ်ပွင့် စီရော်နယ်ဒိုဟာ Best European Sportsperson of 2017 ဆုကိုလည်း ထပ်မံ ရရှိခဲ့ပြန်ပါတယ်။
ဆွမ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ ကာဗာဟယ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့အတွက် ကံကောင်းမှု မလိုအပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ကာဗာဟယ်ဟာ ရှက်ဖီး/ယူနိုက်တက်ကနေထုတ်ပယ်ခံခဲ့ရပြီး လေးရက်အကြာမှာ ဆွမ်ဆီးနည်းပြဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အသင်းနဲ့ ရာသီကုန်အထိသဘောတူညီမှုရယူခဲ့ပြီး ရာသီကုန်မှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် အသင်းနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှုတစ်ရပ်ကိုလည်း ရယူသွားခဲ့ပါတယ်။
မန်ချက်စတာစီး တီးအသင်းသည် ပရီးမီးယားလိဂ်တွင် စံချိန်တင် ၁၈ ပွဲဆက်တိုက် အနိုင်ရရှိထားသော်လည်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားသောအသင်းမှာ မက်ဆီပါဝင်သော ဘာစီလိုနာအသင်းဖြစ်သည်ဟု ယုံကြည်ရသည်။
မန်စီးတီးသည် ချန်ပီယံလိဂ် ၌ ဗိုလ်စွဲရန် ရေပန်းစားသော အသင်းဖြစ်ပါသလားဟု မေးမြန်းခံရချိန်တွင် ဂွာဒီယိုလာ က သတင်းထောက်အား မေးခွန်းဖြင့်သာ တုံ့ပြန်ဖြေကြားခဲ့သည်။
Police Tero အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေသည့် တိုက်စစ်မှူးအောင်သူ (ဓာတ်ပုံ − Police Tero FC FB)
မြန်မာ့လက်ရွေးစင် အောင်သူပါဝင်မည့် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသရန် စီစဉ်ထားကြောင်း အသင်းဒါရိုက်တာ ဆမ်ရမ်ပရာဆက်က ပြောကြားသည်။
ကောင်းဆက်နိုင်နှင့် ဆာမက်ဆာခွန်အသင်းတို့ စာချုပ်ချုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ကောင်းဆက်နိုင် (ဖေ့စ်ဘွတ်ခ်))
မြန်မာလိဂ်ကလပ်ရန် ကုန်ယူနိုက်တက် ကစားသမားဟောင်း ကောင်းဆက်နိုင် သည် ၂၀၁၈ ဘောလုံးရာသီ အတွက် ထိုင်းလိဂ်-၂ ကလပ်ဆာမက်ဆာ ခွန်အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။