ခရိုအေးရှား တစ်နှစ်တာအကောင်းဆုံးဆုကို မိုဒရစ် ၆ ကြိမ်မြောက် ဆွတ်ခူး

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ ခရိုအေးရှား တစ်နှစ်တာအကောင်ဆုံးဆိုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါဟာ အရင်ကစံချိန်ရှင်ဖြစ်တဲ့ ဒေဗာဆူကာရဲ့ဆုရရှိမှုအရေအတွက်ကို လိုက်မီသွားခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ခရိုအေးရှားအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာ အဓိကကျခဲ့သူ ဖြစ်ပြီး ဂရိနဲ့ ကစားခဲ့တဲ့ Play- off ပွဲစဉ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်လည်း အရေးပါတဲ့သူဖြစ်ပြီး မကြာသေးခင်က ကလပ်ကမ္ဘာ့ဖလားမှာ ရီးရဲလ်ဗိုလ်စွဲခဲ့တော့လည်း ခြေစွမ်းပြနိုင်ခဲ့လို့ ပြိုင်ပွဲရဲ့ အကောင်ဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သေးတာပါ။

90Minutes