အိုးထရက္ဖို႔ဒ္မွာ ဂိုးျပတ္နိုင္ၿပီး ေနာက္တစ္ဆင့္တက္လာတဲ့ မန္ယူ

စက္တင္ဘာ ၂၇
ယေန႔နံနက္အေစာပိုင္းက Carabao Cup ကစားခဲ့တဲ့ မန္ယူက ခရစၥတယ္ပဲေလ့စ္ကို ၃-၀ ဂိုးနဲ႔နိုင္ၿပီး စတုတၳအဆင့္ကို တက္ခဲ့ပါတယ္။
ဘန္ေလကို နိုင္တဲ့ပြဲက လူစာရင္းကို ၇ ေယာက္ အေျပာင္းအလဲ လုပ္လာခဲ့တဲ့ မန္ေနဂ်ာတန္ဟတ္က မက္ဂြါးယား၊ ေမဆင္ေမာင့္နဲ႔ အမ္မရာဘတ္ကို ပြဲထြက္လူစာရင္းမွာ သုံးခဲ့ပါတယ္။
မန္ယူရဲ့ပထမဂိုးကို ၂၁ မိနစ္မွာ ရခဲ့ပါတယ္။ ေမာင့္၊ ပယ္လီစထရီတို႔ရဲ့ႀကိဳးပမ္းခ်က္ကေန ဒါေလာ့က ကန္တင္တာကို ဂါနာခ်ိဳက ပိတ္သြင္းၿပီး ဂိုးရခဲ့တာျဖစ္ပါတယ္။
၂၈ မိနစ္မွာ ေမဆင့္ေမာင့္ရဲ့ ေထာင့္ကန္ေဘာကို ကတ္ဆမဲရိုးက ေခါင္းတိုက္သြင္းၿပီး ဒုတိယဂိုး ယူခဲ့ပါတယ္။
မန္ယူက ပြဲကစားခ်ိန္ တေလၽွာက္လုံး လႊမ္းမိုးထားနိုင္ခဲ့ၿပီး ပဲေလ့စ္က နည္းနည္းပဲ တန္ျပန္နိုင္ခဲ့ပါတယ္။
ဒုတိယပိုင္း ကစားလို႔ ဆယ္မိနစ္အၾကာမွာ ကတ္ဆမဲရိုး တင္ေပးတာကို မာရွယ္က ပိတ္သြင္းခဲ့လို႔ မန္ယူက Carabao Cup စတုတၳအဆင့္ကို တက္သြားခဲ့ၿပီ ျဖစ္ပါတယ္။

=========================

အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပြီး နောက်တစ်ဆင့်တက်လာတဲ့ မန်ယူ

စက်တင်ဘာ ၂၇
ယနေ့နံနက်အစောပိုင်းက Carabao Cup ကစားခဲ့တဲ့ မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့နိုင်ပြီး စတုတ္ထအဆင့်ကို တက်ခဲ့ပါတယ်။
ဘန်လေကို နိုင်တဲ့ပွဲက လူစာရင်းကို ၇ ယောက် အပြောင်းအလဲ လုပ်လာခဲ့တဲ့ မန်နေဂျာတန်ဟတ်က မက်ဂွါးယား၊ မေဆင်မောင့်နဲ့ အမ်မရာဘတ်ကို ပွဲထွက်လူစာရင်းမှာ သုံးခဲ့ပါတယ်။
မန်ယူရဲ့ပထမဂိုးကို ၂၁ မိနစ်မှာ ရခဲ့ပါတယ်။ မောင့်၊ ပယ်လီစထရီတို့ရဲ့ကြိုးပမ်းချက်ကနေ ဒါလော့က ကန်တင်တာကို ဂါနာချိုက ပိတ်သွင်းပြီး ဂိုးရခဲ့တာဖြစ်ပါတယ်။
၂၈ မိနစ်မှာ မေဆင့်မောင့်ရဲ့ ထောင့်ကန်ဘောကို ကတ်ဆမဲရိုးက ခေါင်းတိုက်သွင်းပြီး ဒုတိယဂိုး ယူခဲ့ပါတယ်။
မန်ယူက ပွဲကစားချိန် တလျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး ပဲလေ့စ်က နည်းနည်းပဲ တန်ပြန်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ကစားလို့ ဆယ်မိနစ်အကြာမှာ ကတ်ဆမဲရိုး တင်ပေးတာကို မာရှယ်က ပိတ်သွင်းခဲ့လို့ မန်ယူက Carabao Cup စတုတ္ထအဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။