ျပည္ခိုင္ၿဖိဳး​ပါတီ တြဲဘက္အထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ေအာင္လံၿမိဳ႕နယ္၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္တို႔မွပါတီတာဝန္ရွိသူမ်ား၊ ရပ္ေက်းစည္းမႉးမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး

ေအာင္လံ စက္တင္ဘာ ၂၆
မေကြးတိုင္းေဒသႀကီး၊ေအာင္လံခရိုင္၊ေအာင္လံၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ႐ုံးတြင္ ပါတီတြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ ႏွင့္ ေအာင္လံခရိုင္ဥကၠ႒ႏွင့္ေကာ္မတီ၀င္မ်ား၊ေအာင္လံၿမိဳ႕နယ္ပါတီဥကၠ႒ႏွင့္ေကာ္မတီ၀င္မ်ား၊ဆင္ေပါင္ဝဲၿမိဳ႕နယ္ ပါတီဥကၠ႒ႏွင့္ေကာ္မတီ၀င္မ်ား ေအာင္လံၿမိဳ႕ေပၚရပ္ကြက္စည္းမႉး၊အမႈေဆာင္မ်ား ေတြ႕ဆုံေဆြးေႏြးပြဲကို ေန႔လည္၁၁နာရီအခ်ိန္တြင္ က်င္းပခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္မွ ပါတီ၏ မူဝါဒမ်ား ေရွ႕ဆက္လုပ္မည့္လုပ္ငန္းစဥ္မ်ား၊ရက္၉၀ စီမံခ်က္မ်ား၏အေရးပါပုံမ်ားႏွင့္လုပ္ငန္းေအာင္ျမင္ေအာင္မည္သို႔ေဆာင္ရြက္ရမည္မ်ားကို လမ္းညႊန္ခဲ့ၿပီး ေအာင္လံၿမိဳ႕နယ္ပါတီဥကၠ႒ ဦးသက္ခ်ိဳ၊ဆင္ေပါင္ဝဲၿမိဳ႕နယ္ ပါတီဥကၠ႒တို႔မွ လုပ္ငန္းမ်ားၿပီးစီးမႈ႔ႏွင့္ ေဆာင္ရြက္ေနဆဲကိစၥမ်ားအား တင္ျပခဲ့ၿပီး ေတြ႕ဆုံ‌ေဆြးေႏြးပြဲသည္ ေန႔လည္(၁၂.၃၀) အခ်ိန္တြင္ ၿပီးစီးခဲ့ပါသည္။
ဆက္လက္၍ေတြ႕ဆုံေဆြးေႏြးပြဲအၿပီးတြင္ ၿမိဳ႕ေပၚ ရပ္ေက်းစည္းမႉးအမႈ႔ေဆာင္ ၂၉ဦးအား တစ္ဦးလၽွင္ ဆန္၂ျပည္စီကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းသတင္းရရွိပါသည္။

=============================

ပြည်ခိုင်ဖြိုး​ပါတီ တွဲဘက်အထွထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်တို့မှပါတီတာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများနှင့်တွေ့ဆုံဆွေးနွေး

အောင်လံ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် နှင့် အောင်လံခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီ၀င်များ၊အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီ၀င်များ၊ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌနှင့်ကော်မတီ၀င်များ အောင်လံမြို့ပေါ်ရပ်ကွက်စည်းမှူး၊အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို နေ့လည်၁၁နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ ပါတီ၏ မူဝါဒများ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ၊ရက်၉၀ စီမံချက်များ၏အရေးပါပုံများနှင့်လုပ်ငန်းအောင်မြင်အောင်မည်သို့ဆောင်ရွက်ရမည်များကို လမ်းညွှန်ခဲ့ပြီး အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ချို၊ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌတို့မှ လုပ်ငန်းများပြီးစီးမှု့နှင့် ဆောင်ရွက်နေဆဲကိစ္စများအား တင်ပြခဲ့ပြီး တွေ့ဆုံ‌ဆွေးနွေးပွဲသည် နေ့လည်(၁၂.၃၀) အချိန်တွင် ပြီးစီးခဲ့ပါသည်။
ဆက်လက်၍တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြို့ပေါ် ရပ်ကျေးစည်းမှူးအမှု့ဆောင် ၂၉ဦးအား တစ်ဦးလျှင် ဆန်၂ပြည်စီကူညီထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။