ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ် ကော်မတီဝင်များ ရေဘေးသင့်ပြည်သူများထံသွားရောက်လှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသက်ထွန်းတို့သည် တိုင်းဒေသကြီးအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တောင်ငူခရိုင်အတွင်းရေးမှူးဦးလှဆွေ၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မြို့နယ်ကော် မတီများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်သံကွင်းအုပ်စု သပြေကုန်း ကျေးရွာနှင့်ရေလဲကျေးရွာအုပ်စု ရေလဲကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၄၅ဝ ကျော်တို့အား ငါးသေတ္တာ၊ ဆီ၊ ရေသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆပ်ပြာမှုန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များအား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)