စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့

 

စလင်း သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းခိုင်၊ ဦးတိုးတိုး၊ ဦးနိုင်ထူး၊ ဦးချမ်းတို့သည် ယနေ့ နံနက် ၁ဝနာရီက တောစိမ့်အုပ်စု လက်ပန်ကန်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် ပါတီကော်မတီဝင်များအားတွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရပ်ရွာစီးပွားရေး အခြေအနေများ၊ ပါတီဝင် တိုးတက်ရရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)