နှစ်ကြိမ်ဆက်ချန်ပီယံ မျှော်လင့်ချက်

ပြင်သစ်လက်ရွေးစင်အသင်းက လည်းနေရာစုံမှာ နာမည်ကျော်ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထား နိုင်တဲ့အသင်း ဖြစ်နေပါတယ်။ နောက်တစ်ချက်က ကြယ်ပွင့်သစ်တွေ လင်းလက်လာသလို၊ ကြယ်ပွင့် ဟောင်း ဝါရင့်ကစားသမားတွေကလည်း မှေးမှိန်မသွားသေးတာပါ။ ဒီအထဲမှာမှ အထူးပြုညွှန်းဆိုရမယ့် သူကတော့ ၀ါရင့်တိုက်စစ်မှူး ဂျရူးပါပဲ။ ဘန်ဇီမာသာ ဒဏ်ရာမရခဲ့ရင် ဂျရူးက ကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့် ရဖို့ အလားအလာနည်းပေမဲ့ အခုတော့ တို်က်စစ်မြားဦးမှာ ချွန်မြဆဲခြေစွမ်းကို ပြသခွင့်ရနေခဲ့ပါတယ်။ သူက စွဲမက်လောက်တဲ့ ကစားပုံကစားဟန်ကို ပြသနိုင် သူမဟုတ်ပေမဲ့ ကြုံသလိုအနေအထားကနေ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်ခြင်းက သူ့ရဲ့ အထက်မြက်ဆုံး လက်နက်ဖြစ်ပြီး နည်းပြ ဒေးရွှမ့်ရဲ့ ယုံကြည် အားထားမှုကို သိမ်းပိုက်ထားနိုင်တဲ့အချက်လည်း ဖြစ်နေခဲ့ပါတယ်။ သူ့ကို နေရာပေးအသုံးပြုနေခြင်း အတွက် အပြစ်ဆိုလို့ မရနိုင်အောင်လည်း သွင်းဂိုးတွေနဲ့ သက်သေပြနေပါတယ်။ ပြင်သစ်လက်ရွေး စင်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာတဲ့မှတ်တမ်းက မယုံချင်စရာလည်း ကောင်းနေပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်ဆိုတာက ကမ္ဘာကျော်တိုက်စစ်မှူး အများအပြားကို ပိုင်ဆိုင်ဖူးတဲ့၊ ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်နေတာကြောင့်ပါ။ ဒါပေမဲ့ အွန်နရီအပါအဝင် အကျော်အမော်ကစားသမား တွေရဲ့အထက်မှာ ဂျရူးက ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲတစ်ခုတည်းမှာပဲ သူ့ ရဲ့ သွင်းဂိုးက (၄)ဂိုးရှိ ခဲ့ပါပြီ။