စံချိန်တင်သူလို့ အန်ဆယ်လော့တီ ကြွေးကြော်

ကာလို့စ်အန်ဆယ်လော့တီ က ဘောလုံးသမိုင်းစာအုပ်မှာ သူ့နာမည်ကို ရွှေရောင်စာလုံးနဲ့ ရေးထိုးလိုက်ပါတယ်။ သူက သမိုင်းတစ်လျောက်မှာ ချန်ပီယံလိဂ်လေးကြိမ်ရတဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။ အန်ဆယ်လော့တီရဲ့ ရီးရဲလ်အသင်း က အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဗီနီစီးရပ်စ် ဂျူနီယာ နဲ့ လီဗာပူးရဲ့ ကန်ချက်တွေကို အသေအလဲ ကာကွယ်ခဲ့တဲ့ ကော့တိုက်စ်တို့ရဲ့ကျေးဇူးနဲ့ လီဗာပူးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး သူတို့ရဲ့ ၁၄ ကြိမ်မြောက်ဖလားကို ရယူသွားခဲ့ပါတယ်။

ဒါနဲ့အတူ ရီးရဲလ်က ချန်ပီယံလိဂ်ဖလား အများဆုံးရယူတဲ့ အသင်းအဖြစ် သူတို့ရဲ့ စံချိန်ကို ထပ်မံ တိုးမြှင့်ခဲ့ပါတယ်။ “ ကျွန်တော် ချန်ပီယံလိဂ်ဖလားလေးလုံး ရတာကို မယုံနိုင်ဘူး။ ကျွန်တော်တို့ ဒုက္ခတွေ ခံစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ အာရုံစူးစိုက်မှု က အရမ်းကိုကောင်းပါတယ်။ ဒါဟာ ကျွန်တော် ရယူခဲ့သမျှ ဖလားတွေမှာ အခက်ခဲဆုံးပါပဲ။ ကျွန်တော်တို့ နိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့တာက အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါက အသင်းကို စိတ်ပိုင်းဖြတ်မှုတွေ၊ ယုံကြည်မှုတွေ၊ တိုက်ပွဲဝင်လိုစိတ်တွေ ဖြစ်လာစေခဲ့ပါတယ်။ “ လို့ အန်ဆယ်လော့တီ က ပြောပါတယ်။

လီဗာပူး က ဒီနှစ်မှာ ပွဲတွေ အများကြီး မရှုံးခဲ့ဘဲ မိမိတို့က သူတို့ကို ကြီးကျယ်တဲ့ပွဲနဲ့ အနိုင်ယူခဲ့တာလို့ သူက ဆက်ပြောပြီး ရီးရဲလ်နဲ့ဆို ချန်ပီယံလိဂ်ဖလား ရဖို့ ပိုလွယ်တယ်လို့ အန်ဆယ်လော့တီ က ဆက်ပြောပါတယ်။ ရီးရဲလ်အသင်း ဥက္ကဌ ပီရက်ဇ် ကလည်း ချန်ပီယံလိဂ်ဖလား ရလိုက်တာကြောင့် မိမိတို့က ရီးရဲလ်ကို မလာဘဲ ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်ဘက်ပေကိစ္စကို မေ့သွားပြီလို့ပြောကြားပါတယ်။

 

-Ref: Marca