ချန်ပီယံလိဂ်ဗိုလ်စွဲရန် ဘာစီလိုနာ ရေပန်းစားဆဲဟု ဂွာဒီယိုလာ ပြောကြား

မန်ချက်စတာစီး တီးအသင်းသည် ပရီးမီးယားလိဂ်တွင် စံချိန်တင် ၁၈ ပွဲဆက်တိုက် အနိုင်ရရှိထားသော်လည်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားသောအသင်းမှာ မက်ဆီပါဝင်သော ဘာစီလိုနာအသင်းဖြစ်သည်ဟု ယုံကြည်ရသည်။

မန်စီးတီးသည် ချန်ပီယံလိဂ် ၌ ဗိုလ်စွဲရန် ရေပန်းစားသော အသင်းဖြစ်ပါသလားဟု မေးမြန်းခံရချိန်တွင် ဂွာဒီယိုလာ က သတင်းထောက်အား မေးခွန်းဖြင့်သာ တုံ့ပြန်ဖြေကြားခဲ့သည်။

‘‘မက်ဆီက ဘယ်အသင်း မှာ ကစားနေလဲ’’ဟု ဂွာဒီယိုလာ က မေးမြန်းခဲ့ပြီး ‘‘ဘာစီလိုနာ’’ ဟု သတင်းထောက်က ဖြေကြားခဲ့ရာ ‘‘ဒါဆိုရင် သူတို့ဟာ ရေပန်းစားတဲ့ အသင်းပါပဲ’’ဟု ဂွာဒီယိုလာက ပြောသည်။

မန်ယူအသင်းသည် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရန် ငွေကြေးလုံလောက်စွာ သုံးစွဲခဲ့ခြင်း မရှိဟု နည်းပြ မော်ရင်ဟို ၏ မှတ်ချက်အကြောင်း မေးမြန်းသော အခါ ဂွာဒီယိုလာက ၎င်းအနေဖြင့်ပြိုင်ဘက်နည်းပြများ၏ ပြောစကားအပေါ် မှတ်ချက်ပေးလေ့ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မန်စီးတီး  အသင်းသည် ယမန်နေ့က နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ၅၈ မှတ်ဖြင့် ပရီးမီးယားလိဂ်ထိပ်ဆုံး၌ ရပ်တည်နေကာ ဒုတိယနေရာရှိ မန်ယူကို ၁၅ မှတ်ဖြတ်ထား ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မန်ယူ က ဆောက်သမ်တန် အား ဧည့်ခံကစားရမည် ဖြစ်သည်။

 -Ref:Reuters