အာဆင်နယ်တိုက်စစ်မှူး ဖြစ်လာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဗာဒီ

13413570_1717173208523180_3691969377973470214_n

ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြပြီး ပရီမီယာလိဂ်ဖလားကို ရယူ ပေးနိုင်ခဲ့တဲ့ ဗာဒီဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။

ဗာဒီကို တစ်ပတ်ပေါင် ၁၂ဝဝဝဝ နဲ့ အာဆင်နယ်က သုံးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့သဘော တူလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗာဒီအနေနဲ့ သုံးနှစ်စာချုပ်ကနေ နောက်ထပ် ၁၂ လ ထပ်မံ စာချုပ်နိုင်တဲ့ အခွင့်အလမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။

ဗာဒီအနေနဲ့ နိုင်ငံတကာ တာဝန် ကစားနေတဲ့အတွက် အမ်းမရိတ်ကိုသွားဖို့ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆင်ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဗာဒီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဆင်နယ်က ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ ပြင်သစ်နိုင်ငံသို့ ယူရို ၂ဝ၁၆ ပြိုင်ပွဲကစားဖို့ ရောက်ရှိလာခဲ့ပါတယ်။

ဗာဒီဟာ အင်္ဂလန်အသင်းမှာ ရှစ်ပွဲပါဝင် ကစား ပြီး သုံးဂိုး သွင်းယူထားပါတယ်။ လက်စတာအသင်းမှာ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၆ အထိ ပွဲပေါင်း ၁၄၄ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း ၅ဝ အထိ သွင်းယူခဲ့ကာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ဆက်လက်ရှိနေသင့်ပေမယ့် ဘဝသစ်တစ်ခုအတွက် အာဆင်နယ် အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါ တယ်။


Leave a Reply