မေ၀ယ်သာနဲ့ မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ အနားယူနိုင်တဲ့ ပက်ကွီအို

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေ၀ယ်သာ နဲ့ စိတ်မကျေပွဲ ပြန်မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ ပက်ကွီအို အနားယူနိုင်တယ်လို့ သူ့ရဲ့နည်းပြ ဖရက်ဒီရို့ခ်ျ က ပြောပါတယ်။

ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွီအို ဟာ ပြီးခဲ့တဲ့လအတွင်း အက်ဒရီယန်ဘရွန်နာကို အနိုင်ယူပြီး သူ့ရဲ့ WBA ၀ယ်တာဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

အိုလံပစ်ဆုတံဆိပ်မှန်းထားတဲ့ ဂျပန်ရေကူးမယ် အီကီ သွေးကင်ဆာ ဖြစ်နေ

(၂၀၂၀)တိုကျိုအိုလံပစ်မှာ ဆုတံဆိပ်မှန်းထားတဲ့ ဂျပန်ရေကူးမယ် ရီကာကိုအီကီ က သွေးကင်ဆာဖြစ်နေတယ်လို့ အင်္ဂါနေ့က ပြောကြားပါတယ်။

သူမဟာမနှစ်က အာရှအားကစားပွဲမှာ ရေကူးရွှေဆု(၆)ဆုရခဲ့ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့(၂၀၁၈)အာရှ အားကစားပွဲမှာ အီကီ က စံချိန်သစ်တွေလည်း တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသက်(၁၈)နှစ်သာ ရှိသေးတဲ့ အီကီ ကို ပြီးခဲ့တဲ့လက တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးရေကူးမယ် အဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ကြပါတယ်။ အီကီက”ကျွန်မစိတ်ထဲမှာနေလို့မကောင်းဘူး။ အဲဒါနဲ့သြစတြေးလျ ကနေ အိမ်ကို အမြန်ပြန်ပြီး စမ်းသပ်ကြည့်လိုက်တာ သွေးကင်ဆာဖြစ်နေတယ်”လို့ တွစ်တာပေါ်မှာရေးထားပါတယ်။

စပွန်ဆာကြေးများကို လေ့လာမှုအရကမ္ဘာပေါ်တွင် ရီးရဲလ် အချမ်းသာဆုံးအသင်းအဖြစ် ရပ်တည်

ရီးရဲလ်မက်ဒရစ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဘောလုံးအသင်းဖြစ်ကြောင်း ဘောလုံးအသင်းများ၏ စပွန်ဆာမှ ဝင်ငွေကို အခြေခံတွက်ချက်ထားသော လေ့လာမှုအရ သိရသည်။

မကြာမီက ချန်ပီယံလိဂ်တွင် ၎င်းတို့၏ အောင်မြင်မှု ရလဒ်တစ်ခုအနေဖြင့် ရီးရဲလ်သည် Emirates, Adidas, Audi, EA Sports, Hugo Boss နှင့် Mahou တို့ကဲ့သို့ စပွန်ဆာကုမ္ပဏီများအတွက် အသုံးဝင်ကြောင်း သက်သေ ပြခဲ့သည်။

လူမစုံပေမယ့် အိုးထရက်ဖို့ဒ်မှာ လွယ်လွယ်ကူကူနိုင်ခဲ့တဲ့ PSG

ပြင်သစ်ချန်ပီယံ PSGအတွက်တော့ လူစုံ မပါနိုင်ပေမယ့် အိုးထရက်ဖို့ဒ်မှာ လွယ်လွယ်နဲ့ပဲ နိုင်ခဲ့ပါတယ်။ အထူးသဖြင် လူငယ်ကစားသမား ကီလီယန် အမ်ဘတ်ပေကို မထိန်းနိုင်ခဲ့သလို ဗာရက်တီရဲ့ ကွင်းလယ်ပိုင်းကိုလည်း မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။

ဒီပွဲမှ ယူနိုက်တက်ဖက်က ဂိုးသမား ဒါးဗစ် ဒဟေးရာ လက်စွမ်းပြနိုင်ခဲ့လို့ ဆိုးလ်ရှားရဲ့ အသင်း ဒီထက် ပိုပြီး ဂိုးပြတ် မရှုံးတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဆိုးလ်ရှား နှင့် ရက်ရှ်ဖို့ဒ် ရရှိ

မန်ယူနည်းပြဘဝတာထွက်တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဆိုးလ်ရှား သည် ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တဲလ်တို့ကို ကျော်ဖြတ်ကာ ဇန်နဝါရီလ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရသည်။

ဒီဇင်ဘာက မော်ရင်ဟို နေရာတွင် ဆက်ခံခဲ့သူ ဆိုးလ်ရှား သည် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား နောက်ဆုံး ဆွတ်ခူးခဲ့သည့် ၂၀၁၂ အောက်တိုဘာက သက်တမ်းရှည်နည်းပြ ဖာဂူဆန် နောက်ပိုင်းယင်းဆုကို ပြန်လည် ဆွတ်ခူးခဲ့သည့် ပထမဆုံးမန်ယူ နည်းပြဖြစ်လာသည်။

နိုင်ငံတကာအလေးမပြိုင်ပွဲတွင် မြန်မာက ကြေးတံဆပ်သုံးခုရရှိ

မြန်မာအလေးမအဖွဲ့မှ ကြေးတံဆိပ်ရရှိခဲ့သည့် ရဲရင့်နိုင် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − အလေးမအဖွဲ့ချုပ်)

 

ထိုင်းနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ အလေးမပြိုင်ပွဲတွင် မြန်မာအလေးမအဖွဲ့က ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။

ကမ္ဘာ့လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားအဖြစ် မက်ဆီ ရပ်တည်

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အခွန်မဆောင်မီ တစ်လပေါင် (၇.၃)သန်းရရှိခဲ့ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံး ရရှိတဲ့ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

မက်ဆီရဲ့လစာဟာ လက်ရှိဂျူဗင်တပ်မှာကစားနေတဲ့ တိုက်စစ်မှူးစီ ရော်နယ်ဒို ရဲ့ လစာထက် (၂)ဆနီးပါး ရှိနေပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ရဲ့ နှစ်ပတ်လည်လစာထုတ်ပြန်ချက်အရ ဥရောပမှာရှိတဲ့ လစာအများဆုံး ကစားသမား(၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ ဒီ(၁၀)ဦးစာရင်းမှာ စပိန်က (၅)ဦး၊ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာကစားနေတဲ့ ကစားသမား(၂)ဦးစီနဲ့ အီတလီက ကစားသမား(၁)ဦးပါသာ ပါဝင်ခဲ့ပါတယ်။

ဆိုးလ်ရှား ကြောင့် ပိုချက်တီနို အား လက်လွှတ်လိုက်ရမှာကို အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ် စိုးရိမ်မကင်းဖြစ်နေ

မန်ယူအသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ်ဟ ဆိုးလ်ရှားကြောင့် ပိုချက်တီနိုကို လက်လွှတ် လိုက်ရမယ့် အခြေအနေအပေါ်မှာ စိုးရိမ်မကင်းဖြစ်နေပါတယ်။

လက်ရှိမှာ ဆိုးလ်ရှားက ယာယီနည်းပြ အဖြစ်နဲ့ ရှုံးပွဲမရှိရကောင်းတွေ ရယူထားနိုင်တာကြောင့် အမြဲတမ်းနည်းပြ ဖြစ်လာဖို့အတွက် ရေးပန်အစားဆုံး ဖြစ်နေပါတယ်။

ဆာလာရဲ့ ပြောင်းရွှေ့ကြေးကို နန်တက်စ်အသင်းထံပေးအပ်သွားမယ်လို့ ကာဒစ်ဖ်ဥက္ကဋ္ဌ မာမက်ဒဲလ်မန်း အတည်ပြု

ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ မာမက်ဒဲလ်မန်းက ဆာလာအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို နန်တက်စ်အသင်း ထံ ပေးအပ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ကာဒစ်ဖ်အသင်းဟာ ဆာလာကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ နန်တက်စ်အသင်းနဲ့ သဘောတူညီမှုရယူအပြီးမှာ လေယာဉ်ပျံ မတော်တဆမှုနဲ့ ဆာလာပျောက်ဆုံးသွားခဲ့ပါတယ်။ ဆာလာပျောက်ဆုံးနေချိန်မှာ ကာဒစ်ဖ်အသင်းက ဆာလာအတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းကို ပေးချေခြင်း မလုပ်သေးဘဲရှိနေပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် နိုင်ငံတကာအလေးမပြိုင်ပွဲတွင် မြန်မာကြေးသုံးခုရရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် နိုင်ငံတကာအလေးမပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မြန်မာအားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ– MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာအလေးမပြိုင်ပွဲ (2nd EGAT’s King Cup Senior International Weightlifting Championship 2019) တွင် မြန်မာအားကစားသမားများ ကြေးတံဆိပ်သုံးခုဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။