ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။
ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းက စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်
ဇူလိုင် ၎
လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း စတီဗင်ဂျရတ်သည် ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်း၏ နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၄၃)နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အက်စတွန်ဗီလာအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး အယ်လ်အစ်တီဖတ်အသင်းနှင့် ပြီးခဲ့သည့်လကတည်းက ဆွေးနွေးနေခဲ့ခြင်းဖြစ်ပါတယ်။
========================================================
လိုက်ပ်ဇစ်ကစားသမား ဆိုဘိုဆလာအီ ကို ခေါ်ယူကြောင်း လီဗာပူးလ် ကြေညာ
************************************
ဇူလိုင် ၃
လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဟန်ဂေရီကွင်းလယ်ကစားသမား ဆိုဘိုဆလာအီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၂၂)နှစ်အရွယ်ရှိ ဆိုဘိုဆလာအီ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း(၆၀)ဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းမှ ကိုဗာဆစ် ကို ခေါ်ယူကြောင်း မန်စီးတီးအသင်း ကြေညာ
မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းမှ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်အားခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
မန်စီးတီးအသင်းသည် အသက် (၂၉)နှစ်အရွယ် ကိုဗာဆစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်း+add-ons (၅)သန်းပေးချေခဲ့ရပြီး ၂၀၂၇ ခုနှစ်အထိသက်တမ်းရှိမည့် (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ဂွန်ဒိုဂန် ကို ခေါ်ယူကြောင်း ဘာစီလိုနာအသင်း ကြေညာ
မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂွန်ဒိုဂန်(၃၂ နှစ်)ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ဂွန်ဒိုဂန်၏ စာချုပ်လျော်ကြေးမှာ ယူရို သန်း ၄၀၀ ဖြစ်ပါတယ်။
UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရ ချင်းတိုင်းရင်းသား ဂျိုရွှာဗန် ပြိုင်ဘက်ကစားသမားအားအမှတ်ဖြင့်အနိုင်ရ
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗလ်မြို့မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီကျင်းပတဲ့ UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်က ကာဇက်စတန်က ဇဟယ်ဂတ်စ် ဇူမာဂူလာ့ဗ်ကို ၁၉ မှတ်အသာဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုရွှာဗန်အတွက်တော့ UFC မှာ ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဇက်စတန်နိုင်ငံသား ပြိုင်ဖက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ MMA ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်ထဲမှာ UFC အဖွဲ့ချုပ်မှ ကမ်းလှမ်းခံခဲ့ရကာ ပထမဆုံးပြိုင်ပွဲမှာပဲ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
UEFA ဘောလုံးဘုတ်အဖွဲ့မှ နုတ်ထွက်လိုက်တဲ့ မော်ရင်ဟို
ကမ္ဘာ့စံချိန်တင် ဆုတစ်ခုနဲ့ ရော်နယ်လ်ဒို
ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ အသက် ၃၈ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့ ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာပွဲ ၂၀၀ အထိ ကစားနိုင်တဲ့ ပထမဆုံးလူသားအဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်စေခဲ့တာပါ။
ရော်နယ်ဒိုဟာ အဲဒီလို အမှတ်တရပွဲမျိုးမှာပဲ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်အရောက်မှာ သွင်းယူပေးနိုင်ခဲ့လို့ သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိနေခဲ့ပြီဖြစ်ပါတယ်။
မေဆန်မောင့်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် မန်ယူ စီစဉ်
မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရန် လိုလားနေသည့် မေဆန်မောင့်ကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပထမအကြိမ်ကမ်းလှမ်းမှုကို ပေါင်သန်း(၄၀)ဖြင့် ပြုလုပ်ခဲ့သောကြောင့် ချက်ချင်းပယ်ချခံခဲ့ရသည်။
ထို့ကြောင့် ပေါင်သန်း(၅၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ အနည်းဆုံး ပေါင်သန်း(၇၀)ရရှိမှသာ လက်ခံဖွယ်ရှိကြောင်း သိရသည်။
မေဆန်မောင့်ကလည်း လစာနှုန်းထားကို တစ်ပတ်ပေါင်(၂၅၀၀၀၀)ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။
UEFA Nations League မှာ ဗိုလ်စွဲတဲ့ စပိန်