ကမ္ဘာ့အဆင့်(၁)လူငယ်ဂေါက်သီး ကစားသမားဖြစ်လာတဲ့ မြန်မာနိုင်ငံသား ဟိန်းစည်သူ

ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဟိန်းစည်သူက အနိုင်ရဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ မြန်မာနိုင်ငံသား ဟိန်းစည်သူအနေနဲ့  နောက်ဆုံးနေ့မှာ သတ်မှတ် ရိုက်ချက်ထက် ၅ ချက်လျှော့ ရိုက်ပြီး စုစုပေါင်းသတ်မှတ်ရိုက်ချက်အတိုင်း ၂၁၆ ချက် နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ အတွက်လည်း ကမ္ဘာ့အဆင့် ၁ လူငယ်ဂေါက်သီးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ပြိုင်ပွဲနဲ့ ပက်သက်ပြီး အနိုင်ရရှိခဲ့တဲ့ ဟိန်းစည်သူက-” ဒီလိုရတာကိုတော့ တအားဝမ်းသာတယ် ဘာဖြစ်လို့လဲ ဆိုတော့ ချန်ပီယံ အဖြစ်တင်မကဘူး။ World Junior Golf မှာ နံပတ်ဝမ်းအထိ တက်သွားတယ်ဆိုတော့ ဂုဏ်ပုဒ်အထိ Accomplish ဖြစ်သွားတာပေါ့။ ဒီလိုမျိုးဖြစ်ဖို့လည်း ကျနော် တော်တော်ကြိုးစားလိုက်ရပါတယ်။ တစ်လလောက်ကြိုပြီးတော့လေ ကျနော်က ရန်ကုန်မှာ ဒီပွဲစဉ်အတွက်ကို ဒီPractice ကို နေ့တိုင်း ရိုက်တယ် မနက်ကနေ ညအထိ ရိုက်တယ် ဒီပွဲက အရေးကြီးတယ်ဆိုတော့။ ဒီအမေရိကားရောက်တော့ ကျနော် အော်လန်ဒိုမှာနေတော့ ကျနော် နေ့တိုင်း သွားသွားရိုက်တယ်  ဒီပွဲအတွက်ပေါ့။ ဒီမှာနဲ့  အသားကျသွားအောင်  အဲ့မှာလေ့ကျင့်တာပေါ့ “လို့ ထုတ် ဖော်ပြောကြာခဲ့ပါတယ်။

ယခု ပြိုင်ပွဲမှာ အိုက်စလန်နိုင်ငံက Sidgurdur Gardarsson နဲ့ အမေရိကန်က James Ballato တို့က ၂၂၃ ချက်နဲ့ ပူးတွဲဒုတိယရခဲ့ကြပြီး၊ ဆွီဒင်က Karl Filip Einarrson က စတုတ္ထ နဲ့ အမေရိကန်က Ford Chandler တို့က ပဉ္စမတွေ ရခဲ့ကြတာဖြစ်ပါတယ်။ ဟိန်းစည်သူအနေနဲ့ မနှစ်ကလည်း ဒီပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရရှိခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀ ကျော်က လူငယ်ဂေါက်သီးအားကစားသမားပေါင်း ၅၀ ကျော် ၀င်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံက ဟိန်းစည်သူ ကောင်းမြတ်ကျော်၊ဖြိုးဇံ နဲ့မင်းသန်းလွင်အောင်တို့လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အဆင့် ၂၉ ၊ ၃၁ နဲ့ ၃၂ အသီးသီးချိတ်ခဲ့သလို၊ အမျိုးသမီးလူငယ်ပြိုင်ပွဲဘက်မှာတော့ မြန်မာနိုင်ငံက မဖူးပွင့်ရတီခိုင်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၉ နေရာမှာ အသီးသီး ရပ်တည်ခဲ့ကြ တယ်လို့လည်း သိရပါတယ်။  Source- VOA Burmese News