မော်ရင်ဟိုနှင့်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူနီးစပ်

မန်ယူအသင်းဟာ နည်းပြမော်ရင်ဟိုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူရဲ့ အပြောင်းအရွှေ့ ငွေကြေး သုံးစွဲမှုအပေါ် ဝေဖန်ခဲ့ပြီး ဟိုတယ်မှာသာ တည်းခိုနေထိုင်တာကြောင့် မော်ရင်ဟို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် မော်ရင်ဟိုကတော့ သူ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဇန်န၀ါရီအစောပိုင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အောင်သူက ထိုင်းလိဂ်ရဲ့ အကောင်းဆုံး အာဆီယံသွင်းကုန်လား၊

ဇန်န၀ါရီလ(၁၅)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပုလိစ်တယ်ရိုအသင်းနှင့် ဘန်ကောက်အသင်းတို့၏ ရာသီကြိုခြေစမ်းပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် PoliceTeroအသင်း မန်နေဂျာက တိုက်စစ်မှူး အောင်သူ အား အာဆီယံအကောင်းဆုံး ကစားသမားဖြစ်လာရန် ထိုင်းလိဂ်မှ ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့လစာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးစီစဉ်နေ

စပါးအသင်းဟာ ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့ လုပ်ခလစာနဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ စတင်ကြိုးပမ်း နေပါပြီ။ လက်ရှိမှာ အလီဟာ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀)၀န်းကျင် ရရှိနေပြီး အဲဒီလုပ်ခ လစာရဲ့(၂)ဆ ပေါင်(၁၀၀၀၀၀)နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးအသင်း စီစဉ်နေတယ်လို့သိရပါတယ်။

UEFA တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်

ယူအီးအက်ဖ်အေဟာ ၂၀၁၇ အတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာ နေမာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

နေမာဟာပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဘာစီလိုနာကနေပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်၈ျီကို ပြောင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာမက်ဆီနဲ့ စီရော်နယ်ဒိုတို့ပြီးရင် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထား ရသူ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ကို ခေါ်ယူရန် ပေါင် ၂၅ သန်းသာမက မစ်ခီတာယန်ပါ အလိုက်ပေးမည်ဟု မော်ရင်ဟိုကမ်းလှမ်း

မန်ယူနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသို့ ဖုန်းခေါ်ဆို၍ ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်း ဖြင့် ခေါ်ယူရန်နှင့် မစ်ခီတာယန်အား အလိုက်ပေးရန် ဆွေးနွေးခဲ့သည်ဟု ဗြိတိန်သတင်းများက ဖော်ပြသည်။

ဆန်းချက်ဇ်သည် မန်ယူ၏ ပြိုင်ဘက်မန်စီးတီးသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် သေချာသလောက်ရှိပြီး နည်းပြဟောင်း ဂွာဒီယိုလာနှင့် လက်တွဲရန် စိတ်အားထက်သန်နေသည်။ သို့သော် ဆန်းချက်ဇ်အတွက် မန်စီးတီးက ပေါင်သန်း ၂၀ သာ ပေးရန် ပြင်ဆင်ထားသည်။

ကမ္ဘာ့ဂျူနီယာဂေါက်သီးရိုက်ချန်ပီယံ ဟိန်းစည်သူ ပြန်လည်ရောက်ရှိ

အမေရိကန်မှာကျင်းပခဲ့တဲ့  2017 American Junior ဂေါက်သီးရိုက်ပြိုင်ပွဲ World Junior Golf Series ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရရှိခဲ့တဲ့ မြန်မာလူငယ် ဂေါက်သီးအားကစားသမား ဟိန်းစည်သူဟာ ဇန်နဝါရီ ၉ ရက် ညပိုင်းက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ရီးယဲလ်အသင်းကို ၁၀ နှစ်ခန့် နည်းပြနိုင်မည်မဟုတ်သည်ကို သိရှိကြောင်း ဇီဒန်းပြော

ဇန်န၀ါရီ ၉၊ စပိန်

ရီးယဲလ်မက်ဒရစ်အသင်းကို ၁၀ နှစ်ခန့်နည်းပြနိုင်မည်မဟုတ်ကြောင်းကို ၎င်းအနေဖြင့်သိရှိကြောင်း နည်းပြဇီဒန်းက ပြောဆိုလိုက်သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဆုဖလား ၂ လုံးနှင့် လာလီဂါဆုဖလား ၁ လုံးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော်လည်း လက်ရှိတွင် ဖိအားများနှင့်ရင်ဆိုင်ရလျက်ရှိသည်။

ဘရစ်ဘိန်းချန်ပီယံဆုဖလားကို ကိုင်ဂျီယို့စ်ဆွတ်ခူး

သြစတြေးလျ တင်းနစ်အကျော်အမော် နစ်ကိုင်ဂျီယို့စ်ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဘရစ်ဘိန်းပြိုင်ပွဲဗိုလ်လုပွဲမှာ ဟာရစ်ဆင်ကို (၆-၄) (၆-၂)နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်အနေနဲ့ မွေးရပ်မြေမှာကျင်းပတဲ့ ဘရစ်ဘိန်းပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးတိုးလ်ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့နိုင်ခဲ့တာဖြစ်ပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ယုံကြည်မှုတွေပြန်လည် ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်ဟာ ၂၀၁၄မှာ လေတန် ဟီဝတ် ပြီးနောက် (၁၀)နှစ်တာကာလအတွင်း ဘရစ်ဘိန်းချန်ပီယံဖြစ်ခဲ့တဲ့ ဒုတိယမြောက် သြစတြေးလျနိုင်ငံသားလည်း ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာအောင်မြင်မှု ရရှိခဲ့တာကြောင့် ကိုင်ဂျီယို့စ်ဟာ အဆင့်(၄)နေရာတက်ခဲ့ပြီး ကမ္ဘာ့အဆင့်(၁၇)ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံဘွဲ့အတွက် အောင်လအန်ဆန်ကို ယခုနှစ်အတွင်း စိန်ခေါ်မည်ဟု ဘစ်တာလီဘစ်ဒက်ရှ် ကြုံးဝါး

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်က လက်ရှိ ချန်ပီယံ အောင်လအန်ဆန်ကို ယခုနှစ်အတွင်း ပြန်လည်စိန်ခေါ်မည်ဖြစ်ပြီး ချန်ပီယံခါးပတ် ပြန်လည်ရယူမည်ဖြစ်ကြောင်း ကြုံးဝါးသည်။ မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် အောင်လအန်ဆန် သည် ပြီးခဲ့သည့် ၂၀၁၇ ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှိကို အမှတ် ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

မြန်မာလိဂ်ပွဲစဉ်များကို မြန်မာ့ရုပ်သံနှင့် For Sport ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်

MPT မြန်မာလိဂ်ပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် For Sport ရုပ်သံလိုင်းတို့မှ   တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း  မြန်မာလိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ၂၀၁၈ တွင် မြန်မာလိဂ်ပြိုင်ပွဲကို MRTV နှင့် For Sport ရုပ်သံလိုင်းတို့မှ  ပြသရန်စီစဉ်ထားပြီး ရုပ်သံလိုင်းက ပြသနိုင်ခြင်းမရှိသည့် ပွဲစဉ်များကို မြန်မာလိဂ် Facebook Page က Live ပြသမည်ဖြစ်သည်။