ရီးရဲလ်နှင့် ဘာစီလိုနာကိုကျော်ဖြတ်ကာ အမှတ်တံဆိပ်တန်ဖိုးအရှိဆုံးအသင်းအဖြစ် မန်ယူရပ်တည်

Fobes မဂ္ဂဇင်းမှထုတ်ပြန်သော အားကစားလောက အမှတ်တံဆိပ်တန်ဖိုးအရှိဆုံး အသင်းစာရင်းတွင် မန်ယူအသင်းမှာ ဒဲလ်လက်စ်ကောင်းဘွိုင်၊ နယူးယော့ခ်ယန်းကီး၊ အယ်လ်အေလိတ်ကာတို့၏နောက် စတုတ္ထ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်းသိရပါတယ်။

သို့သော်လည်း မန်ယူသည် တန်ဖိုးအရှိဆုံး ဘောလုံးအသင်းအဖြစ် ရီးရဲလ်နှင့် ဘာစီလိုနာတို့ကို ကျော်ဖြတ်ကာ ရပ်တည်နေပါတယ်။ မန်ယူသည် အမှတ်တံဆိပ်တန်ဖိုး ပေါင်(၄၂၅)သန်းဖြင့်ယခုကဲ့သို့ရပ်တည်နေခြင်းဖြစ်ကာ စပိန်ထိပ်သီးဘာစီလိုနာမှာ ပေါင်(၄၀၅)သန်းနှင့် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မှာ ပေါင်(၃၈၅)သန်း တန်ဖိုး ရှိပါတယ်။

“Carabao Cup ကွာတားဖိုင်နယ်ပွဲစဉ် ထွက်ပေါ်” “မန်ယူပွဲချောင်ပြီး ပရီးမီးယားလိဂ် အသင်းချင်းဆုံတွေ့”

အင်္ဂလန် လိဂ်ဖလား Carabao Cupဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မနေ့ရေးဆွဲခဲ့ရာ ပရီးမီးယားလိဂ် အသင်းချင်း ဆုံတွေ့ခဲ့ကြပါတယ်။

လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်က ချန်ပီယံရှစ်က အသင်းငယ် ဘရစ္စတိုးလ် စီးတီးနဲ့ အဝေးကွင်း သွားကစားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးက လက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပါးကို အနိုင်ယူ လာခဲ့တဲ့ ၀က်စ်ဟမ်းက နောက်ထပ် လန်ဒန်ကလပ်ဖြစ်တဲ့ အာဆင်နယ်နဲ့ အမ်းမရိတ်မှာ ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးက ဘွန်းမောက်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာကိုရောင်းချမှုတွင် ဂျူဗင်တပ်အသင်း မသမာမှုပြုလုပ်ခြင်းမရှိဟု ဖီဖာဆုံးဖြတ်

ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းထံ ငွေကြေးအမြောက်အများဖြင့် ရောင်းချခဲ့ရာတွင် ဂျူဗင်တပ်အသင်း မသမာမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဟု အဖြေထွက်ပေါ်လာ ပြီဖြစ်သည်။

ယမန်နှစ်က တူရင်မှ ပရီးမီးယားလိဂ်သို့ ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး (ယင်းနှစ်က) ပေါင် ၈၉ ဒသမ ၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့မှုအပေါ် စစ်ဆေးနေကြောင်း မေလတွင် ဖီဖာက ကြေညာခဲ့သည်။

အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်လိုက်ရန်မှာ လွယ်ကူကြောင်း အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီ ပြော

အာဆင်နယ်အသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ခရွန်ကီက ၎င်းတို့အနေဖြင့် အာစင်ဝင်းဂါးကို ထုတ်ပယ်ပစ်လိုက်ရန်မှာ အလွန်လွယ်ကူကြောင်း ပြောဆိုလိုက်သည်။

သို့သော် ၎င်းက အာစင်ဝင်းဂါးကို စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ အနာဂတ်ကိုကြည့်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယမန်နှစ်ရာသီက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်များက အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်ပြစ်ရန် တောင်းဆိုခဲ့ကြသော်လည်း အသင်းတာဝန်ရှိသူများက ၀င်းဂါးကို ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ အင်္ဂလန်အသင်းတက်ရောက်

လီဗာပူးလူငယ်အ သင်းတိုက်စစ်မှူး ဘရူးစတား၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ အင်္ဂ  လန်က ဘရာဇီးကို ၃-၁ ဂိုးဖြင့် နိုင်ပြီး ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ် လုပွဲသို့ တက်ရောက်သွားပြီဖြစ် သည်။

နည်းပြ စတိဗ်ကူးပါး ၏ အင်္ဂလန် အသင်းသည် ဗိုလ်လုပွဲတွင် မာလီ(သို့မဟုတ်) စပိန်နှင့် ရင်ဆိုင်တွေ့မည် ဖြစ်သည်။

မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်

နိုင်ငံရေးအခြေအနေကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေရသည့် မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ကြားကွင်းဖြစ်သည့် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပမည့် ပထမအကျော့ပွဲစဉ်အား မတ် ၂၈ ရက်ကတည်းက ယှဉ်ပြိုင် ကစားရမည်ဖြစ်သော်လည်း မလေးရှားနိုင်ငံလေဆိပ်၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရသောကြောင့် ဇွန် ၈ ရက်သို့လည်းကောင်း၊ ထို့နောက် အောက်တို ဘာ ၅ ရက်သို့လည်းကောင်း ရွှေ့ဆိုင်းခဲ့သည်။

ဥရောပဘောလုံးပွဲချိန်များ တစ်နာရီနောက်ဆုတ်သွားမည်

ဆောင်းဦးရာသီရောက်လာပြီဖြစ်သောကြောင့် အောက်တိုဘာလ(၂၉)ရက် တနင်္ဂနွေမှစတင်ကာ ဥရောပဘောလုံး ပွဲချိန်များမှာ တစ်နာရီနောက်ဆုတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

၂၀၁၇ ဥရောပ (daylight saving time)ကို မတ်လ(၂၆)ရက်မှစတင်ခဲ့ပြီး အောက်တိုဘာလ (၂၉)ရက်တွင် ပြီးဆုံးမည်ဖြစ် ပါတယ်။ daylight saving time ကုန်ဆုံးချိန်တွင် ဥရောပနိုင်ငံများ၏ ဒေသစံချိန်တစ်နာရီ နောက်ဆုတ်သွားမှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာရန် ကြိုးပမ်းမည်ဟု အူစိန်ဘော့ ကတိပြု

ပြေးခုန်ပစ်လောကမှ အနားယူထားသည့် ကမ္ဘာ့တာတိုဘုရင် အူစိန်ဘော့က ၎င်း၏အိပ်မက်တစ်ခုဖြစ်သည့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့သော် ၎င်းက သူ၏ မျှော်လင့်ချက်များ ဖြစ်မလာခဲ့လျှင် စိတ်ကသိကအောက် ဖြစ်မည်မဟုတ်ကြောင်း ၀န်ခံခဲ့သည်။

မီတာ ၁၀၀၊ ၂၀၀ လက်ရှိကမ္ဘာ့စံချိန်ရှင်နှင့် အိုလံပစ်ရွှေတံဆိပ် ရှစ်ခုရှင်ဖြစ်သူ အူစိန်ဘော့သည် အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ယူအက်စ်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့် ခဲ့စဉ်အတွင်း သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ- ထိုင်း- ဂျပန် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၂၃ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး AING MOE ENTERTAINMENT က စီစဉ်သော မြန်မာ- ထိုင်း- ဂျပန် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို နိုဝင်ဘာ ၂ရက် မွန်းလွဲ ၁နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစား ခန်းမ၌ FIGHT FOR HOME အမည်ဖြင့် ကျင်းပမည် ဖြစ်သည်။

ဘရာဇီး-အင်္ဂလန် ယူ ၁၇ ပွဲကို ပရိသတ် တစ်သန်းကျော် အွန်လိုင်းမှလက်မှတ်ဝယ်ကြ၍ ဖီဖာဝက်ဘ်ဆိုက် ရပ်တန့်သွားခဲ့

အောက်တိုဘာ ၂၅၊ ကလက္ကတ္တား

ယနေ့ညနေ ၆း၀၀ နာရီတွင် ဘရာဇီးနှင့် အင်္ဂလန် ယူ ၁၇ အသင်းတို့ ကလက္ကတ္တား၌ယှဉ်ပြိုင်ကစားကြမည့် ယူ ၁၇ ကမ္ဘာ့ဖလား ဆီမီးပွဲစဉ်အတွက် လက်မှတ်များကို ပရိသတ် တစ်သန်းကျော်က အွန်လိုင်းမှဝယ်ယူရန် ကြိုးပမ်းကြရာ ဖီဖာအွန်လိုင်းလက်မှတ် ရောင်းချစနစ်မှာ ရပ်ဆိုင်းသည်အထိဖြစ်ခဲ့ရသည်။