မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်

နိုင်ငံရေးအခြေအနေကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေရသည့် မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ကြားကွင်းဖြစ်သည့် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပမည့် ပထမအကျော့ပွဲစဉ်အား မတ် ၂၈ ရက်ကတည်းက ယှဉ်ပြိုင် ကစားရမည်ဖြစ်သော်လည်း မလေးရှားနိုင်ငံလေဆိပ်၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရသောကြောင့် ဇွန် ၈ ရက်သို့လည်းကောင်း၊ ထို့နောက် အောက်တို ဘာ ၅ ရက်သို့လည်းကောင်း ရွှေ့ဆိုင်းခဲ့သည်။

သို့သော် အောက်တိုဘာတွင် မြောက်ကိုရီးယားအစိုးရ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကြောင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုံယမ်းသို့သွားရောက်ခွင့် ပိတ်ပင်ခဲ့ရာ ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထို့ ကြောင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်တွင်ကစားမည့် နှစ်ကျော့စလုံးကို ထိုင်းနိုင်ငံ၌သာ ကျင်းပရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

(Eleven sports)