ဥရောပ အကောင်းဆုံး လူငယ် ကစားသမားဆု မက်ဘီရရှိ

၂၀၁၇ အတွက် ဥရောပ အကောင်းဆုံး လူငယ်ကစားသမားဆု (Golden Boy) ဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဘီက ရရှိသည်။

ယင်းဆုအတွက် အခြားရွေးချယ်ခံရသူများတွင် မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်၊ မန်ယူတိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ တို့ ပါဝင်ခဲ့သည်။

ရွိုင်ယန်ဂစ်ကို နည်းပြခန့်ရန် လက်စတာနှင့် အဲဗာတန်တို့စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက်နှင့် ဝေးလ်ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်ကို မိမိကို လက်စတာနှင့် အဲဗာတန် နည်းပြအလုပ်များက စိတ်ဝင်စားနေသည်ဟု ပြောသည်။

လက်စတာအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က နည်းပြရှိတ်စပီးယားကို ထုတ်ပယ်ခဲ့ပြီး အဲဗာတန်သည် တနင်္လာနေ့တွင် ကိုးမန်းကိုထုတ်ပယ်ခဲ့ရာ နှစ်သင်းစလုံးနည်းပြ မရှိဘဲ ဖြစ်နေသည်။

ဗန်ဟားလ်လက်ထက်က အိုးထရက်ဖို့ဒ်တွင် လက်ထောက်နည်းပြဖြစ်ခဲ့သည့်ဂစ်သည် ၂၀၁၆ တွင် ဆွမ်ဆီး နည်းပြရာထူးကို အင်တာဗျူးဖြေခဲ့ဖူးသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ မေဖဲလ်ဟိုတယ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ – MFF)

ဖီဖာအကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒို ဆက်လက် ရရှိ

၂၀၁၇ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကပဲ ဆက်လက်ဆွတ်ခူးရရှိသွားပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၇ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး(၄၀)ကျော်သွင်းခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးနိုင်ခဲ့ရာမှာ သူ့သွင်းဂိုးတွေက အရေးပါခဲ့ပါတယ်။ အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့မှာကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို ကမ္ဘာကျော်ဘောလုံးသမားတွေအပြင် ဟောလီးဝုဒ်မှ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ အကောင်းဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုး (ပွတ်ရှ်ကတ်ဆု)ကိုတော့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်ဂိုးသမား ဘူဖွန်က နော်ယာနဲ့ ကေလာနာဗက်စ်တို့ကို ကျော်ပြီး ရရှိခဲ့ပါတယ်။ တခြားအကောင်းဆုံးဆုများ

မာရာဒိုနာနဲ့ ကိုဘီဘရိုင်ယန်တို့ စပါး-လီဗာပူးလ်ပွဲကို လာရောက်ကြည့်ရှု

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အာဂျင်တီးနား ဘောလုံးအကျော်အမော် ဒီယေဂိုမာရာဒိုနာနဲ့ ဘတ်စကတ်ဘော အကျော်အမော် ကိုဘီဘရိုင်ယန်တို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ကစားသမားဘ၀မှာ ၈ ကြိမ်မြောက် အနီကတ် ပြသခံခဲ့ရတဲ့ နေမာ

တစ်ဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ပွဲမှာ နေမာဟာ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက် ၈ ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရပါတယ်။

နေမာကို မာဆေးလ်ကစားသမားတွေက အကြိမ်ကြိမ်ပြစ်ဒဏ်ကျူးလွန်ခဲ့ရာမှာ နေမာက မခံနိုင်တော့ပဲ နောက်ဆုံးဘောလုံးဖျက်ထုတ်ခဲ့တဲ့ အော်ကမ်ပို့စ်ကို ဆောင့်တွန်းခဲ့ရာက ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

၂၀၁၇ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းရဲ့ အပြီးသတ်လူစာရင်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီလူစာရင်းမှာ အုပ်ချုပ်သူနဲ့ နည်းပြအဖွဲ့က လူ ၇ ဦးနဲ့ ကစားသမား ၁၆ ဦးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးသွားချင်တယ် ဆိုတဲ့ အလိန်းဂါလာနီ

အွန်လိုင်းတွင် စိတ်ဝင်စားနေကြတဲ့ ဖိုက်တာကြီး အလိန်းဂါလာနီကတော့ မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးခဲ့ချင်ပါတယ်လို့ ပြောလိုက်ကြောင်း One ChampionShip စာမျက်နှာတွင် ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်(သောကြာနေ့) ရန်ကုန်မြို့တွင် ကျင်းပမည့် အောင်လအန်ဆန်နှင့် အလိန်းဂါ လာနီတို့ရဲ့ One Hero’s Dream ဖိုက်တင်ပွဲကို မြန်မာပရိတ်သတ်များ အထူးစိတ်ဝင်စားနေကြသည်။

ပရီးမီးယားလိဂ် အသင်းများ ချန်ပီယံလိဂ်တွင် အခြေအနေကောင်း

 ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ပရီးမီးယားလိဂ်အသင်းများ အောင်မြင်မှုရသင့်သလောက်မရဟု စွပ်စွဲခံရ သော်လည်း ယခုနှစ်တွင် ချန်ပီယံလိဂ် ကို ပရီးမီးယားလိဂ်အသင်းများက လွှမ်းမိုးထားသည်။

၂၀၁၂ က ချယ်လ်ဆီးချန်ပီ ယံဖြစ်ပြီးနောက်ပိုင်း မည်သည့် အင်္ဂလိပ်အသင်းမျှ ချန်ပီယံဖလား ကိုင်မြှောက် နိုင်ခြင်းမရှိပေ။ သို့ သော်လက်ရှိရာသီချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်အသင်းများ ၁၅ ပွဲကစားပြီး ငါးသင်းစလုံး ရှုံးပွဲမကြုံသေးပေ။

မြန်မာ ယူ-၂၃ နှင့် မြန်မာ ယူ-၂၁ အသင်း ပြန်လည်ဖွဲ့စည်းပြီး နည်းပြရာထူးများ အတွက် နည်းစနစ် ကော်မတီ အစည်းအဝေး ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ် ကော်မတီသည် နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းရမည့် မြန်မာ ယူ-၂၃ နှင့် မြန်မာ ယူ-၂၁ အသင်းများအတွက် နည်းပြများ ခန့်အပ်နိုင်ရန် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။