ဥရောပ အကောင်းဆုံး လူငယ် ကစားသမားဆု မက်ဘီရရှိ

၂၀၁၇ အတွက် ဥရောပ အကောင်းဆုံး လူငယ်ကစားသမားဆု (Golden Boy) ဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဘီက ရရှိသည်။

ယင်းဆုအတွက် အခြားရွေးချယ်ခံရသူများတွင် မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်၊ မန်ယူတိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ တို့ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဥရောပအကောင်းဆုံးလူ ငယ်ကစားသမားကို အီတလီသတင်းစာ Tuttosport က ရွေးချယ် ၍ Golden Boy ဆုချီးမြှင့်ခြင်းဖြစ်သည်။

ယင်းဆုကို မက်ဘီက စုစုပေါင်း မဲ ၃၀၀ အနက် ၂၉၁ မဲဖြင့် ဂျီးဆပ်နှင့် ဒမ်ဘီလီတို့ကို ကျော်၍ ရရှိခဲ့သည်။

ယူရို ၂၀၁၆ တွင် ပေါ်တူဂီ အောင်ပွဲရအောင် ကူညီပေးခဲ့သော ရီနာတိုဆန်းချက်ဇ်သည် ၂၀၁၆ ဥရောပ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့ပြီး ၂၀၁၇ အတွက် မက်ဘီကရရှိခြင်းဖြစ်သည်။

ယင်းဆုကို Tuttosport သတင်းစာက ၂၀၀၃ တွင် စတင်ပေးအပ်ခဲ့ပြီး ရာဖေးလ်ဗန်ဒါဗတ်က ပထမဆုံးဆု ရရှိခဲ့သည်။

ယင်းဆုကို ရရှိဖူးသော ကစားသမားများတွင် မက်ဆီ (၂၀၀၅)၊ ဖာဘရီဂတ်စ် (၂၀၀၆)၊ အစ္စကို (၂၀၁၂)နှင့် ပေါ့ဂ်ဘာ (၂၀၁၃) တို့လည်း ပါဝင်သည်။

မက်ဘီသည် ယင်းဆုကို Tuttosport သတင်းစာအယ်ဒီတာ ပေါ်လိုဒီပေါ်လာထံမှ တနင်္လာနေ့ည မိုနာကိုမြို့တွင် ပြုလုပ်သည့် အခမ်းအနား၌ လက်ခံရယူခဲ့သည်။

-Ref:Marca