Mansion Sport Malang Indonesia International Challenge 2022 ကြက်တောင်ပြိုင်ပွဲဝင် သက်ထားသူဇာ ဒုတိယအဆင့်မှ စတင်ကစားရမည်

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF) က ပြုလုပ်သည့်ပြိုင်ပွဲတစ်ခုဖြစ်သည့် Mansion Sport Malang Indonesia International Challenge 2022 ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ပွဲတွင် ဒုတိယအဆင့်(Round R32) မှ စတင်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Mansion Sport Malang Indonesia International Challenge 2022 ကြက်တောင်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြျို  ့တွင် အောက်တိုဘာ(၁၁) ရက်မှ (၁၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  စုစုပေါင်းဆုကြေးငွေ ဒေါ်လာ(၁၅၀၀၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား(၄၀) ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၁၆) ဦးကို ပထမအဆင့်မှ ကစားစေမည်ဖြစ်ကာ (၂၄) ဦးမှာမူ ဒုတိယအဆင့်မှ ကစားရမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး မလေးရှားနိုင်ငံသူ မီရှားနှင့် အိမ်ရှင်အင်ဒိုနီးရှား နိုင်ငံသူ မိုနင်ကာတို့ပွဲမှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သက်ထားသူဇာသည် ဒုတိယအဆင့်တွင် အနိုင်ရခဲ့ပါက တတိယအဆင့်တွင် ကနေဒါနိုင်ငံသူ ရစ်ချယ်ချန်းနှင့် အင်ဒိုနီးရှားနိုင်ငံသူ ဟာတာဝမ်ပွဲမှ အနိုင်ရသူနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည်  Mansion Sport Malang Indonesia International Challenge 2022 ကြက်တောင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးပါက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF) ၏  BWF Tour Super 100 ပြိုင်ပွဲတစ်ခုဖြစ်သည့် KB Financial Group Indonesia Masters 200 ကြက်တောင်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

KB Financial Group Indonesia Masters 200 ကြက်တောင်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ မာလန်းမြို့တွင် လာမည့်အောက်တိုဘာ(၁၈) ရက်မှ (၂၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်းဆုကြေးငွေ ဒေါ်လာ(၈၁၀၀၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲမှအနိုင်ရရှိလာသူနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သက်ထားသူဇာသည် ပထမအဆင့်တွင် အနိုင်ရရှိခဲ့မည်ဆိုပါက ဒုတိယအဆင့်တွင် အိန္ဒိယနိုင်ငံသူ ကူဒရာဗယ်လီနှင့် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသူ ၀ါဒါနီပွဲမှ အနိုင်ရသူနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိကမ္ဘာ့အဆင့်(၈၃) နေရာတွင် ရှိနေသည်။