မြန်မာ- ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၁

မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အက်သလက်တီကို-ဘာစီလိုနာပွဲကို ဘာစီလိုနာပရိသတ်များ ကြည့်ခွင့်မရ

ဘာစီလိုနာအသင်းပရိသတ်များသည် ယခုတစ်ပတ် ကစားမည့် အက်သလက်တီကိုနှင့်အဝေးကွင်းပွဲကို ကြည့် ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ယင်းပွဲအတွက် အဝေးကွင်း လက်မှတ်များကို စီမံခန့်ခွဲရေး ပြဿနာအချို့ကြောင့် ဘာစီလိုနာနှင့် သဘောတူညီထားသည့် စောင်ရေအတိုင်း ခွဲဝေနိုင်မည် မဟုတ်ဟု ကြေညာခဲ့သည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းထံမှ လက်မှတ်ခွဲတမ်းတောင်းဆိုထားခြင်းကို ရုပ်သိမ်းပြီး ယင်းပွဲအတွက် အဝေးကွင်းလက်မှတ်များကို ရောင်းချတော့မည်မဟုတ်ဟု ကြေညာခဲ့ကြောင်း သိရသည်။

မန်ယူနှင့် ပေါင် (၆၅) သန်းတန် (၅)နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် မော်ရင်ဟို အသင့်ဖြစ်

မန်ချက်စတာယူနိုက်တက်ဟာ ဟိုဆေးမော်ရင်ဟိုကို ပေါင် ၆၅ သန်း တန်ကြေးရှိ (၅)နှစ် စာချုပ်သစ် တစ်ရပ်ဖြင့် ချုပ်ဆိုရန်အလိုရှိနေပါတယ်။ ပြီးတော့ နည်းပြကလည်း စာချုပ်ကို လက်မှတ်ရေးထိုးရန် အဆင့်သင့်ဖြစ်နေပြီး အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့နည်းပြဘဝ အရှည်ဆုံးသက်တမ်းကာလတစ်ခုကို ဖြတ်သန်းလို နေပါတယ်။

ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲ တွဲဆိုင်းများ ထွက်ပေါ်

ရန်ကုန်မြို့၌ ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲစဉ်နှစ်ပွဲပါဝင်မည်ဖြစ်သည်။

ကစားသမားဘဝ ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်ဖြစ်လာတဲ့ ဆီမွန်နာ ဟာလက်ပ်

ဆီမွန်နာ ဟာလက်ပ်ဟာ တရုတ်အိုပင်း တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် သူမဟာ အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ထုတ်ပြန်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ်အဖြစ် ရယူသွားခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေဆဲ နဒါးလ်၊ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက် လာတဲ့ ဂေါ်ဖင်

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသား တစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်က ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘယ်လ်ဂျီယံမှ ဒေးဗစ် ဂေါ်ဖင်မှာ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက်လာခဲ့ပါတယ်။

၁၀ နှစ်ကြာ လေ့လာခဲ့ပြီးနောက် အားကစားဆိုင်ရာဘွဲ့ရ ဘောလုံးကစားသမားတစ်ဦးဖြစ် လီဝန်ဒေါစကီး ရပ်တည်

ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါစကီးသည် ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ရှိ ပညာရေးတက္ကသိုလ်တွင် အားကစားနှင့်ပတ်သက်၍ သင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၀နှစ်ကြာ လေ့လာမှုများအပြီး အားကစားဆိုင်ရာ ဘွဲ့ရဘောလုံးက စားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ဘွဲ့ရရှိရေးအတွက် စာတမ်းတင်သွင်းခဲ့ရာတွင် ၎င်း၏ ကစားသမားဘ၀၏ ဖြစ်ရပ်များအား ရေးသားကာ စာတမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက် သည့် သင်ခန်းစာများ၊ နည်းပြနှင့် သက်ဆိုင်သည့် သင်ခန်းစာများ၊ စီမံခန့်ခွဲမှုပိုင်းများနှင့်ပတ်သက်၍ အားကစားရေးဆိုင်ရာ ဘွဲ့အဖြစ် ရရှိခဲ့ ခြင်းလည်းဖြစ်သည်။

ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ အကြောင်းမပြန်သေး

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလား ခြေစစ်ပွဲနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ်(AFC)က အကြောင်း မပြန်သေးကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ယင်းပွဲကို မူလက စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် စီစဉ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် ရက်၊ အချိန်နှင့် နေရာတို့ကို အာရှဘောလုံးအဖွဲ့ ချုပ်က ရေးဆွဲထုတ်ပြန်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် M-150 Cup ထိုင်းဖိတ်ခေါ်ယူ ၂၃ ပြိုင်ပွဲကို မြန်မာယူ ၂၃ အသင်း ပါဝင်ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံမှဖိတ်ခေါ်ကျင်းပသည့်အဆိုပါပြိုင်ပွဲကို မြန်မာယူ ၂၃ အသင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှ အင်အားကြီး ၃သင်းနှင့် အာဆီယံအဆင့် ၃သင်းကိုဖိတ်ခေါ်ကျင်းပခြင်းဖြစ်သည်။

မြန်မာအသင်းဟာ အုပ်စု B တွင် အိမ်ရှင်ထိုင်း မြန်မာ ဗီယက်နမ် အသင်းတို့နှင့်အုပ်စု ပက်လည် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု Aတွင် ဂျပန် မြောက်ကိုရီးယား ဥဇဘက်ကစ်စတန် အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

ဇန်န၀ါရီမှာ မက်ဆီကို ပေါင်(358)သန်းနဲ့ကမ်းလှမ်းဖို့ မန်စီးတီးစီစဉ်

 

မန်စီးတီးအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၅၇ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြကြပါတယ်။

မက်ဆီရဲ့ စာချုပ်သက်တမ်းတိုး ကြန့်ကြာမှုက မန်စီးတီးအသင်းအတွက် အကူအညီဖြစ်နိုင်ပြီး ယခုရာသီက ပီအက်စ်ဂျီအသင်းကို ရောက်ရှိသွားတဲ့ နေမာရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၉၅ သန်းကိုလည်း ကျော်ဖြတ်က မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။