၁၀ နှစ်ကြာ လေ့လာခဲ့ပြီးနောက် အားကစားဆိုင်ရာဘွဲ့ရ ဘောလုံးကစားသမားတစ်ဦးဖြစ် လီဝန်ဒေါစကီး ရပ်တည်

ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါစကီးသည် ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ရှိ ပညာရေးတက္ကသိုလ်တွင် အားကစားနှင့်ပတ်သက်၍ သင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၀နှစ်ကြာ လေ့လာမှုများအပြီး အားကစားဆိုင်ရာ ဘွဲ့ရဘောလုံးက စားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ဘွဲ့ရရှိရေးအတွက် စာတမ်းတင်သွင်းခဲ့ရာတွင် ၎င်း၏ ကစားသမားဘ၀၏ ဖြစ်ရပ်များအား ရေးသားကာ စာတမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက် သည့် သင်ခန်းစာများ၊ နည်းပြနှင့် သက်ဆိုင်သည့် သင်ခန်းစာများ၊ စီမံခန့်ခွဲမှုပိုင်းများနှင့်ပတ်သက်၍ အားကစားရေးဆိုင်ရာ ဘွဲ့အဖြစ် ရရှိခဲ့ ခြင်းလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဆက်စပ်သတင်းများအရ လီဝန်ဒေါစကီးအနေဖြင့် အားကစားသမားအဖြစ်မှ ဘွဲ့ရ ဘောလုံးသမား တစ်ဦးဖြစ်ခဲ့သည့် ဟားဗက်စ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် ဘာစီလိုနာ နောက်ခံလူပီကေး၊ Liverpool John Moores University မှ အားကစားဆိုင်ရာ ဘွဲ့ရရှိခဲ့သည့် လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်တို့ကဲ့သို့ ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်သည်။

The Voice Soccer