၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် M-150 Cup ထိုင်းဖိတ်ခေါ်ယူ ၂၃ ပြိုင်ပွဲကို မြန်မာယူ ၂၃ အသင်း ပါဝင်ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံမှဖိတ်ခေါ်ကျင်းပသည့်အဆိုပါပြိုင်ပွဲကို မြန်မာယူ ၂၃ အသင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှ အင်အားကြီး ၃သင်းနှင့် အာဆီယံအဆင့် ၃သင်းကိုဖိတ်ခေါ်ကျင်းပခြင်းဖြစ်သည်။

မြန်မာအသင်းဟာ အုပ်စု B တွင် အိမ်ရှင်ထိုင်း မြန်မာ ဗီယက်နမ် အသင်းတို့နှင့်အုပ်စု ပက်လည် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု Aတွင် ဂျပန် မြောက်ကိုရီးယား ဥဇဘက်ကစ်စတန် အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်နေထိကျင်းပမှာဖြစ်ပြီး တစ်နေ့ နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဟု သိရသည်။ မြန်မာအသင်းဟာ ၁၁ ရက်နေ့တွင် ဗီယက်နမ်အသင်းနှင့်လည်ကောင်း ၁၃ ရက်နေ့တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်ကောင်း အသီးသီးယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အုပ်စုနှစ်ခုမှအမှတ် အများဆုံး၂သင်းဟာဗိုလ်လုပွဲကစားမည်ဖြစ်ပြီး အုပ်စုဒုတိယနှစ်သင်းမှာ တတိယလုပွဲ ကစားမည်ဖြစ်သည်။  ပြိုင်ပွဲ ပွဲစဉ်များ –

9.12.2017     ဥဇဘက်ကစ်စတန် vs မြောက်ကိုရီးယာ (3:30pm)
ထိုင်း vs ဗီယက်နမ် (6:30pm)

11.12.2017  ဂျပန် vs မြောက်ကိုရီးယား(3:30pm)
ဗီယက်နမ် vs မြန်မာ(6:30pm)

13.12.2017  ဥဇဘက်ကစ်စတန် vs ဂျပန်(3:30pm)
ထိုင်း vs မြန်မာ(6:30pm)

15.12.2017  Third Place(3:30pm)
Runner up A vs Runner up B
Final(6:30pm)
Winner A vs Winner B