ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုး အများဆုံးသွင်းယူနိုင်သည့် ပီတာခရော့ခ်ျ ၂၀၁၈ ဂင်းနစ်မှတ်တမ်းစာအုပ်၌ ထည့်သွင်းခံရ

စတုတ်စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျသည် ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုး အများဆုံး သွင်းယူနိုင်သည့် ကစားသမားအဖြစ် ၂၀၁၈ ဂင်းနစ်မှတ်တမ်း စာအုပ်၌ ထည့်သွင်းဖော်ပြခံ ခဲ့ရကြောင်း သိရှိရသည်။

ပီတာခရော့ခ်ျ(၃၆ နှစ်)သည် ပြီးခဲ့သည့်မေလက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၅၁)ဂိုးမြောက် ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် သတ်မှတ်ခံခဲ့ ရခြင်းဖြစ်သည်။

ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ရာဖယ်နဒါး ဗိုလ်စွဲ

မနေ့က တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး ရာဖယ် နဒါးက သြစတြေးလျက နစ်ကီရိုဂျီရိုစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

ကမ္ဘာ့နံပါတ်တစ် နဒါးအတွက်တော့ ဒီနှစ်ရာသီထဲမှာ ၆ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားတဲ့ အီဂျစ်အသင်း

လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ကွန်ဂိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး အီဂျစ် အသင်းဟာလည်း ၂၈ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

ONE: HERO’S DREAM ၏ ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ပွဲများ စာရင်းများ ထွက်ပေါ်လာ

ONE Championship™ (ONE) ၏ စီစဉ်တင်ဆက်မှုဖြင့် လာမည့် နိုဝင်ဘာလ(၃) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ကွင်းကြီး၌ ONE: HERO’S DREAM (သူရဲကောင်းတို့၏ အိမ်မက်) ပြိုင်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူးခဲ့

မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မူပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်တစ်ခု နဲ့ ငွေတံဆိပ် ၁ ခု ဆွတ်ခူး သွားပါတယ်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့အဆင့်ရွှေတံဆိပ်ဆုကို ကိုထွန်းထွန်းအောင်က ၆၀ ကီလိုတန်းမှာ ရယူခဲ့တာဖြစ်ပြီး ငွေတံဆိပ်တစ်ခုကိုတော့ ၆၅ ကီလိုတန်းကနေ ကိုထွန်းမင်းက ရယူနိုင်ခဲ့ တာပါ။ ရွှေတံဆိပ်ရယူခဲ့တဲ့ ကိုထွန်းထွန်းအောင်ဟာ အာရှကာယဗလပွဲမှာလည်း ရွှေတံဆိပ်ရယူထားတာကြောင့် အာရှနဲ့ကမ္ဘာ့ ရွှေတံဆိပ် ဆုရှင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ရာထူးလိုချင်နေတဲ့ ဟယ်ရီကိန်း

စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အနာဂတ်အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို လိုချင်နေတယ်လို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ကိန်းအနေနဲ့ယခုနှစ်အစောပိုင်းက ကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ ပွဲမှာတော့ ကိန်းအနေနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တာကြောင့်လာမယ့် ကမ္ဘာ့ဖလာပြိုင်ပွဲကို လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ချင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပက်သက်ပြီးကိန်းကကျွန်တော်နောက်ထပ်အသင်းခေါင်းဆောင်တာဝန်ကိုယူလို့ရရင်ယူချင်ပါသေးတယ်။အဲ့ဒီအခိုက်အတန့်ဟာ တစ်ကယ်ကို ဂုဏ်ယူစရာ အကောင်းဆုံးအချိန်ပါပဲ။” လို့ ပြောခဲ့ပါ တယ်။

အောင်လအန်ဆန်၏ Super Fight ပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်​ပြသမည်

ရန်ကုန်မြို့၌ နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည့် အောင်လအန်ဆန်ပါဝင်သော One Championship ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်တွင် အောင်လအန်ဆန်သည် Super Fight ပွဲစဉ်အဖြစ် နီဂါလန်(ဟောင်ကောင်)နှင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး ငါးချီစိန်ခေါ်ပွဲဖြစ်သည်။

စပိန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ ကမ်းလှမ်းလိုက်တဲ့ ပီကေး

ကတ်တာလိုးနီးယားပြည်နယ်ခွဲထွက်ဖို့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် နှုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ဂျရတ်ပီကေးက စပိန်နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ကတ်တာလိုးနီးယားပြည်နယ်ကို စပိန်နိုင်ငံကနေ ခွဲထွက်ဖို့အတွက် ဘာစီလိုနာမြို့မှာ ဆန္ဒမဲပေးဖို့ ကြိုးစားခဲ့တဲ့သူတွေကို စပိန်နိုင်ငံ လုံထိန်းတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ လုံထိန်းတွေဟာ နံပါတ်တုတ်နဲ့ ရော်ဘာကျည်တို့ကို အသုံးပြုပြီး ဖြိုခွဲခဲ့တာကြောင့် လူပေါင်း ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ စံချိန်တစ်ရပ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါး

အဆိုပါပွဲစဉ်မှာ နောက်ခံလူ မွန်နရယ်နဲ့ လူငယ်တိုက်စစ်မှူး အိုင်အိုဘီတို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြပြီး အာဆင်နယ်အသင်းလည်း အဆင့် (၅)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါ တယ်။

အာစင်ဝင်းဂါးအနေနဲ့လည်း အနိုင်ရလဒ်နဲ့အတူ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စံချိန်ကတော့ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ကလပ်အသင်း ၄၅ သင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

သူ၏ အနာဂတ်ကို ဥက္ကဋ္ဌပီရက်ဇ်က ဆုံးဖြတ်လိမ့်မည်ဟု စီရော်နယ်ဒိုပြော

စက်တင်ဘာ ၂၈၊ စပိန်

ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုက သူ၏ အနာဂတ်ကို ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကသာ ဆုံးဖြတ်လိမ့်မည် ဟု ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းက ဒေါ့တ်မွန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စီရော်နယ်ဒိုသည် အနိုင်ဂိုး ၂ ဂိုးသွင်း ယူပေးနိုင်ခဲ့သည်။ ထိုပွဲစဉ်မှာ စီရော်နယ်ဒိုအတွက် ရီးယဲလ်အသင်းနှင့်အတူ ပွဲ ၄၀၀ ပြည့်မြောက်သည့်ပွဲဖြစ်ပြီး ဂိုးပေါင်း ၄၁၀ ပြည့်မြောက်ခဲ့သည့် ပွဲလည်း ဖြစ်သည်။