၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားတဲ့ အီဂျစ်အသင်း

လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ကွန်ဂိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး အီဂျစ် အသင်းဟာလည်း ၂၈ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

အုပ်စု E အတွင်း စနေနေ့က ဂါနာနှင့် ယူဂန်ဒါတို့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အီဂျစ်အသင်းဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်နိုင်ရန် နိုင်ပွဲလိုအပ်ခဲ့ပါတယ်။

အီဂျစ်အသင်းအတွက် ဂိုးတွေကို ဆာလာက ပွဲချိန် ၆၃ မိနစ်နှင့် မိနစ် ၉၀ (ပင်နယ်တီ)တွေမှာ သွင်းယူခဲ့ပြီး ကွန်ဂိုရဲ့ ချေပဂိုးတစ်ဂိုးကိုတော့ မူတူးက သွင်းယူခဲ့တာဖြစ်ပါတယ်။

အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာက ၁၉၉၀ ခုနှစ်တုန်းက ဖြစ်ပါတယ်။

အီဂျစ်အသင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်တဲ့ အာဖရိကတိုက်မှ နိုင်ဂျီးရီးယားအသင်း ပြီးရင် ဒုတိယမြောက် နိုင်ငံအသင်းဖြစ်လာခဲ့ပါတယ်။

Ref; EFE_EPA