ONE: HERO’S DREAM ၏ ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ပွဲများ စာရင်းများ ထွက်ပေါ်လာ

ONE Championship™ (ONE) ၏ စီစဉ်တင်ဆက်မှုဖြင့် လာမည့် နိုဝင်ဘာလ(၃) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ကွင်းကြီး၌ ONE: HERO’S DREAM (သူရဲကောင်းတို့၏ အိမ်မက်) ပြိုင်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဤပြိုင်ပွဲ၏ ပင်မပြိုင်ပွဲ (Main Bout) အဖြစ် မြန်မာနိုင်ငံသား ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆိုင်း (“မြန်မာ့စပါးအုံး”)နှင့် ကင်မရွန်းလူမျိုး ဟောင်ကောင်အခြေစိုက် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalani (“ကျားသစ်နက်” ) တို့က အလွတ်တန်း အထူးပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင်ထိုးသတ် ကြမည် ဖြစ်သည်။

ONE: HERO’S DREAM တွင် ပါဝင်မည့် စိတ်လှုပ်ရှားဖွယ်ရာ ထိပ်တိုက်ရင်ဆိုင်မှုများမှာ –

– Aung La “Burmese Python” Nsang (မြန်မာ) vs Alain “The Panther” Ngalani (ဟောင်ကောင်)
– ဖိုးသော် (မြန်မာ) vs စောဘဦး (မြန်မာ)
– Ma Hao Bin “The Southern Eagle” (တရုတ်) vs Niko Soe (စင်ကာပူ)
– သပြေညို (မြန်မာ) vs Asraful “Warrior” Islam (ဘင်္ဂလားဒေ့ရှ်)
– Pongsiri “The Smiling Assassin” Mitsatit (ထိုင်း) vs Jeremy “The Jaguar” Miado (ဖိလစ်ပိုင်)
– စောမင်းမင်း (မြန်မာ) vs ရဲသွေးနေ (မြန်မာ)
– “Rock Man” Chen Lei (တရုတ်) vs Burn “The Hitman” Soriano (ဖိလစ်ပိုင်)
– “Supermom” Miao Jie (တရုတ်) vs Amira “The Wandera” Hafizovic (သြစတေးလျ)
– “The Ghost” Zhang Ze Hao (တရုတ်) vs Bala Shetty (အိန္ဒိယ)
– Nita Dea (အင်ဒိုနီးရှား) vs Jomary Torres (ဖိလစ်ပိုင်)

(yoyarlay)