ဖာဂူဆန်ရဲ့ စံချိန်တစ်ရပ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါး

အဆိုပါပွဲစဉ်မှာ နောက်ခံလူ မွန်နရယ်နဲ့ လူငယ်တိုက်စစ်မှူး အိုင်အိုဘီတို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြပြီး အာဆင်နယ်အသင်းလည်း အဆင့် (၅)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါ တယ်။

အာစင်ဝင်းဂါးအနေနဲ့လည်း အနိုင်ရလဒ်နဲ့အတူ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စံချိန်ကတော့ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ကလပ်အသင်း ၄၅ သင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခင်မန်ယူနည်းပြဟောင်း ဖာဂူဆန်အနေနဲ့ မတူညီတဲ့ အသင်း ၄၄ သင်းကို အနိုင်ယူထားနိုင်ခဲ့ပြီး အာစင်ဝင်းဂါး အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ မတူညီတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်း ၄၅ သင်းကို အနိုင်ယူပြီး ဖာဂူဆန်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ထို့ကြောင့် အာဆင်နယ်အသင်းကို ကိုင်တွယ်နေတဲ့ သက်တမ်း ၂၁ နှစ်အတွင်း ဘရိုက်တန်အသင်းအနေနဲ့လည်း အာဆင်နယ်အသင်း အနိုင်ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ မတူညီတဲ့အသင်းထဲမှ ၄၅ သင်းမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

Ref; METRO