WLC-3 ပြိုင်ပွဲ၏ ချန်ပီယံလုပွဲ တွဲဆိုင်းများ ထွက်ပေါ်လာ၊ ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန် စက်တင်ဘာ ၁၂

လာမည့်နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပရန် စီစဉ်ထားသော မြန်မာ လက်ခမောင်း ကုမ္ပဏီ၏ WLC-3 ပြိုင်ပွဲအတွက် ချန်ပီယံ လုပွဲ တွဲဆိုင်းများထွက်ပေါ်လာခဲ့ပြီး ယင်း ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက် ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလက်ခမောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သော တွဲဆိုင်းများတွင် တစ်ကျော့ပြန် လက်ဝှေ့ကျော် စောငမန်းနှင့် ဖာရယ်တို့၏ တွဲဆိုင်းအပြင် ချန်ပီယံခါးပတ်ကို လုရမည့် တူးတူးနှင့် ဘာဒါဒို (ဖိလစ်ပိုင်)တို့၏ တွဲဆိုင်းလည်း ပါဝင်သည်။

အအေးဘူးများနှင့် ပစ်ပေါက်ခဲ့သည့် မက်ဂရီဂေါနှင့် နိတ်ဒီရာ့ဇ်တို့ ဒဏ်ရိုက်ခံရ

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အအေးဘူးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြတဲ့ ကော်နာ မက်ဂရီဂေါနဲ့ နိတ်ဒီရာ့ဇ်တို့ကို ဒဏ်ကြေးပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။

ယူအက်ဖ်စီ နာမည်ကြီးကစားသမား ကော်နာမက်ဂရီဂေါနဲ့ နိတ်ဒီရာ့ဇ်တို့ဟာ ပြီးခဲ့တဲ့လက လက်စ်ဗီးဂတ်စ် ကော့ပါးဖီ်းလ်ဒ်ကဇာတ်ရုံမှာ  ပြုလုပ်ခဲ့တဲ့ ယူအက်ဖ်စီပွဲစဉ် ၂၀၂ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အအေးဘူးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြတာပါ။

ခရစ်စတယ်ပဲလေ့စ်အသင်းနည်းပြ ဖြစ်လာတဲ့ ရွိုင်းဟော့ဆန်

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ရွိုင်းဟော့ဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်,ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

တနလာင်္နေ့က ခရစ္စတယ်ပဲလေ့စ်က ဒတ်ခ်ျလူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ရွိုင်းဟော့ဆန်ကို ၎င်းနေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။

နည်းပြ ဒီဘိုးဝါးဟာ ပဲလေ့စ်အသင်းကို ၇၇ ရက်ကြာ ၄ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ဘန်လေအသင်းအား အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာပင် ရာထူးမှ ထုတ်ပယ်ခံရတာလည်းဖြစ်ပါတယ်။

တင်းနစ်ကမ္ဘာ့အဆင့်တွင် နဒါးလ် ရမှတ်ပေါင်း နှစ်ထောင်နီးပါး ဖြတ်ထားနိုင်

စက်တင်ဘာ ၁၁ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည့် တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ရာဖေးလ်နဒါးလ်က ရမှတ်ပေါင်း နှစ်ထောင်နီးပါး အသာရကာ ရပ်တည်လျက်ရှိကြောင်း သိရသည်။

နဒါးလ်သည် လက်ရှိတွင် ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့မှုကြောင့် ရမှတ်ပေါင်း ၉၄၆၅ မှတ်အထိ ရယူထားပြီး နံပါတ်နှစ်နေရာမှ ဖက်ဒါရာမှာ ၇၅၀၅ မှတ်သာ ရရှိနေသဖြင့် ၁၉၆၀ မှတ်အထိအသာရကာ ဦးဆောင်နေ ခြင်းဖြစ်သည်။

ကာဂျစ္စတန်နှင့် မြန်မာပွဲကို ထိုင်းတွင်ကျင်းပရန် ဘောလုံးအဖွဲ့ချုပ်စီစဉ်

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဦးဘုန်း နိုင်ဇော်က ပြောသည်။

လက်ရှိ မန်စီးတီးအသင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးအသင်းဖြစ်တယ်လို့ ဘောလုံးသုတေသန အဖွဲ့ CIES က ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ပေါင် ၂၁၅ သန်းအထိ အသုံးပြုခဲ့တဲ့ မန်စီးတီးအသင်းရဲ့တန်ဖိုးဟာ ပေါင် ၇၇၅ သန်းရှိနေပါတယ်။

နေမာကို ပေါင်သန်း ၂၀၀ နဲ့ဝယ်ယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တန်ဖိုးက ပေါင်သန်း ၇၅၀ သာရှိတာကြောင့် မန်စီးတီးထက် ၃ သန်း လျော့နည်းလျက်ရှိနေ ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသမား ဒီဂီယာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမည်ဟု နည်းပြ မော်ရင်ဟို အတည်ပြု

 

မန်ချက်စတာယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုက စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ဒီရာသီ ချန်ပီယံလိဂ်အတွက် ပွဲထွက်ကစားသမားတစ်ဦးဖြစ်လိမ့်မယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

မန်ယူအသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

ဖရန့်ဒီဘိုးဝါးအား နည်းပြရာထူးမှ ပဲလေ့စ် ထုတ်ပယ်၊ နည်းပြသစ်အဖြစ် ရွိုင်းဟော့ဆန်ကို ခန့်အပ်ရန် သတင်းများ ထွက်ပေါ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒတ်ခ်ျလူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပြီး ၎င်းရဲ့ နေရာမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ရွိုင်းဟော့ဆန်အား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

ယခင်ဘာစီလိုနာကစားသမားဟောင်းရဲ့ ကိုင်တွယ်မှုအောက်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ လိဂ်ပွဲစဉ် လေးပွဲလုံးကို ရှုံးနိမ်ခံခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပေ။ ဒါဟာ  ပရီးမီးယားလိဂ် စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ကတည်းက ဒီအခြေအနေမျိုး မရှိခဲ့ပါဘူး။

ဗီယက်နမ်ကို မဖြစ် ဖြစ်သည့်နည်းဖြင့် အနိုင်ရအောင်ကစားမည်ဟု မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီ ပြော

စက်တင်ဘာ ၁၁၊ ရန်ကုန်

မြန်မာယူ-၁၈ အသင်းက ဖိလစ်ပိုင်ယူ-၁၈ အသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီက အုပ်စုတက်ရေးအဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် ဗီယက်နမ်နှင့်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ကစားမည်ဟု ပြောဆိုသွားခဲ့သည်။

ယူအက်စ်အိုးပန်း အမျိုးသမီးတင်းနစ် ဗိုလ်လုပွဲတွင် ဆလိုအန်နီစတက်ဖန်းစ် အနိုင်ရ

 

အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်သူ ဆလိုအန်နီ စတက်ဖန်းစ်က ပြိုင်ဘက် မက်ဒီဆန်ကီးစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။

ယူအက်စ်အိုးပန်း ဗိုလ်လုပွဲမှာ အမေရိကန်နိုင်ငံသူ ၂ ဦး ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာ ဖြစ်ပါတယ်။