တင်းနစ်ကမ္ဘာ့အဆင့်တွင် နဒါးလ် ရမှတ်ပေါင်း နှစ်ထောင်နီးပါး ဖြတ်ထားနိုင်

စက်တင်ဘာ ၁၁ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည့် တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ရာဖေးလ်နဒါးလ်က ရမှတ်ပေါင်း နှစ်ထောင်နီးပါး အသာရကာ ရပ်တည်လျက်ရှိကြောင်း သိရသည်။

နဒါးလ်သည် လက်ရှိတွင် ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့မှုကြောင့် ရမှတ်ပေါင်း ၉၄၆၅ မှတ်အထိ ရယူထားပြီး နံပါတ်နှစ်နေရာမှ ဖက်ဒါရာမှာ ၇၅၀၅ မှတ်သာ ရရှိနေသဖြင့် ၁၉၆၀ မှတ်အထိအသာရကာ ဦးဆောင်နေ ခြင်းဖြစ်သည်။

ယူအက်စ်အိုးပင်း ဒုတိယဆုရှင် ဖက်ဒါရာမှာ အဆင့်တစ်ဆင့်မြင့်တက်လာပြီး ယခင်နံပါတ်နှစ်နေရာမှ အန်ဒီမာရေးမှာမူ အဆင့်တစ်ဆင့်လျော့ကျခဲ့ရသည်။ နဒါးလ်နှင့် ဖက်ဒါရာတို့ ယခုကဲ့သို့ ကမ္ဘာ့အဆင့် ထိပ်ဆုံးနှစ်နေရာကို ရယူထားနိုင်မှုမှာ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။

အလက်ဇန္ဒားဇီဗာရက်ဗ် နှင့် မာရင်စီလစ်တို့မှာ အဆင့်နှစ်ဆင့်စီမြင့်တက်ကာ နံပါတ် လေး၊ ငါးနေရာများသို့ ရောက်ရှိလာပြီး ယူအက်စ် အိုးပင်းပြိုင်ပွဲ ဒုတိယဆုရှင် ကီဗင်အန်ဒါဆန်မှာလည်း အဆင့် ၁၇ဆင့်မြင့်တက်ကာ နံပါတ် ၁၅ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

-Ref ; sky sports