အာဆင်နယ်မှ အာစင်ဝင်းဂါးထွက်ခွာသင့်ပြီဟု တိုက်စစ်မှူးဟောင်း အီရန်ရိုက်ပြော

အာဆင်နယ်အသင်းသည် ထိပ်ပိုင်းမှအောက်ခြေအထိ အကျပ်အတည်းကာလရောက်နေပြီး နည်းပြအာစင် ဝင်းဂါး အနေဖြင့် ထွက်ခွာသင့်ပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောသည်။

တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းကို ၄-၀ ဂိုးဖြင့်ရှုံးခဲ့သည့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အဖွင့်သုံးပွဲတွင် တစ်ပွဲသာအနိုင်ရထားသည်။

“လုံးဝအိပ်မက်ဆိုးတစ်ခုပဲ။ ဝင်းဂါးက အင်အားကောင်းတ အစုအဖွဲ့ကိုဖန်တီးထားပေမယ့် ကျွန်တော်တို့ အတွက် ကစားပေးမယ့် ကစားသမားတွေကို ဘာလို့မရနိုင်တာလဲ”ဟု အာဆင်နယ်အတွက် ၁၂၈ ဂိုးသွင်း ထားသည့် ရိုက်က ပြောသည်။

ယူအက်စ်အိုးပင်း ပထမအဆင့်မှာ ရှာရာပိုဗာ အနိုင်ရ

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်မှာ မာရီယာ​ ရှာရာပိုဗာက ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ် ဆိုင်မွန်နာ ဟာလက်ပ်ကို အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ (သြဂုတ် ၂၉ ရက်) အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအက်စ်အိုပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်မှာ ရှာရာပိုဗာက ဟာလက်ပ်ကို ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်များ မျက်ရည်အတွက် ကြေးတံဆိပ်ဖြင့် နှစ်သိမ့်နိုင်ရန် ကြိုးပမ်းမည်ဟု သန်းပိုင်ပြော

ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းကိုရှုံးပြီး ပရိသတ်များငိုကြွေးခဲ့ရသည့် မျက်ရည်အတွက် တတိယနေရာလုပွဲ တွင် ကြေးတံဆိပ်အရယူကာ   ပြန်လည်နှစ်သိမ့်   နိုင်ရန်ကြိုးစားမည်ဟု မြန်မာယူ -၂၂လက်ရွေးစင်အသင်း တိုက်စစ်မှူး သန်းပိုင်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာယူ-၂၂အသင်းမှာ ၂၀၁၇ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၁ – ၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဗိုလ်လုပွဲနှင့်ဝေးခဲ့ရကာ တတိယနေရာလုပွဲအဖြစ် သြဂုတ် ၂၉ရက်တွင် အင်ဒိုနီးရှားယူ-၂၂အသင်းနှင့် ကစားရမည် ဖြစ်သည်။

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ ဟော်ကီအသင်း

၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် မြက်ခင်းပြင် ဟောာ်ကီအသင်း အနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စင်ကာပူအသင်းနဲ့ ထိုင်းအသင်းတို့ ပွဲစဉ်မှာ စင်ကာပူအသင်းက ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ရမှတ်တူ ဖြစ်နေ ခဲ့သော်လည်း စင်ကာပူအသင်းက ပေးဂိုးများ ခဲ့တာကြောင့် မြန်မာအသင်း အနေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် သုံးဦး ပူးတွဲဦးဆောင်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် သွင်းဂိုးအများဆုံး စာရင်း၌ ကစားသမား သုံးဦးက ပူးတွဲဦးဆောင်နေကြောင်း သိရသည်။

မြန်မာအသင်းတိုက်စစ်မှူး အောင်သူအပါအ၀င် ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကောင်ဖောင်၊ မလေးရှား တိုက်စစ်မှူး သာနာဘာလန်တို့မှာ သွင်းဂိုးလေးဂိုးစီဖြင့် ဦးဆောင်နေခြင်းဖြစ် သည်။

ယင်းကစားသမား များအနက် ငုယင်ကောင်ဖောင်မှာ ဗီယက်နမ်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် မျှော်လင့်ချက် မရှိတော့ဘဲ တစ်ပွဲစီကစားရန်ကျန်သေးသည့် အောင်သူနှင့် သာနာဘာလန် တို့မှာ အခွင့်အရေး ရှိနေကြောင်း သိရသည်။

မက်ဂရီဂေါ်နဲ့ပွဲအပြီး ချက်လက်မှတ်ကို မေ၀ဲလ်သာ ထုတ်ကြွား

UFC Fighter မက်ဂရီဂေါ်ကို (၁၀)ချီမှာ အနိုင်ယူခဲ့ပြီးနောက် အမေရိကလန်လက်ဝှေ့ချန်ပီယံ မေ၀ဲလ်သာ ဟာ ဆုကြေးအတွက် ချက်လက်မှတ်ယူနေပုံကို အင်စတာဂရမ်တင်ပြီး ထုတ်ကြွားခဲ့ပါတယ်။

သူ့လက်ဝှေ့သမားဘ၀တလျှောက် ပွဲ(၅၀)စလုံးကို ရှုံးပွဲမရှိအောင် ထိုးနိုင်ခဲ့တဲ့ မေ၀ဲလ်သာဟာ ဒီပွဲကနေ ထိုးကြေးအပါအ၀င် တခြားဝင်ငွေစုစုပေါင်း ဒေါ်လာသန်း(၃၀၀)ကျော်အထိရမယ်လို့ မျှော်လင့်ရပါတယ်။ T-Mobile အရီနာကွင်းထဲမှာ မက်ဂရီဂေါ်နဲ့ပွဲအပြီး အ၀တ်လဲခန်းကို သွားရာလမ်းမှာ မေ၀ဲလ်သာဟာ ကင်မရာရှေ့၊ ပြောင်နောက်နေရင်း ချက်လက်မှတ်ကို ထုတ်ကြွားခဲ့တာဖြစ်ပါတယ်။

မြန်မာ အမျိုးသား ဘော်လီဘော အသင်း အိမ်ရှင်မလေးရှားကို အနိုင်ယူ

ရန်ကုန် သြဂုတ် ၂၃

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသား ဘော်လီဘော အသင်းသည် အုပ်စု (က)ပွဲစဉ် တစ်ပွဲအဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် ယမန်နေ့က ယှဉ်ပြိုင်ကစားရာ အနိုင်ရရှိခဲ့ သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းများ ရရှိပြီဖြစ်ကြောင်း သိရသည်။

မက်ဆီ၏ လျော်ကြေးငွေကို တစ်စုံတစ်ယောက်က ပေးနိုင်သည်ဟု ဂွါဒီယိုလာပြော

မက်ဆီ၏ လျော်ကြေးငွေ ယူရိုသန်း ၃၀၀ ကို တစ်စုံတစ်ယောက်က ပေးချေနိုင်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

နေမာအတွက် ပီအက်စ်ဂျီအသင်းက လျော်ကြေးငွေ ယူရို ၂၂၂ သန်းပေးချေခဲ့ပြီးနောက် မက်ဆီ၏ လျော်ကြေးငွေကိုလည်း တစ်စုံတစ်ဦးက ပေးချေနိုင်မည်ဟု ဂွါဒီယိုလာက ယုံကြည်နေခြင်းဖြစ်သည်။

မေ၀ဲလ်သာနဲ့ UFC ချန်ပီယံ မက်ဂရီဂေါတို့ လာမဲ့ ၂၆ ရက်နေ့မှာ ထိုးသတ်မယ်

ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်တဲ့ မေ၀ဲလ်သာနဲ့ UFC ဘက်စုံသုံး ကိုယ်ခံပညာ ချန်ပီယံ မက်ဂရီဂေါတို့ဟာ လာမဲ့ သြဂုတ်လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံ လတ်စဗီးဂတ်စ်မြို့က T-Mobile arena မှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။

ကမ္ဘာတလွှားက လက်ဝှေ့ ၀ါသနာရှင်တွေ စိတ်ဝင်စားနေကြတဲ့ ဒီပွဲဟာ လက်ဝှေ့သမိုင်းမှာ ဆုကြေးအများဆုံး ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။ တကယ်လို့ ဒီပွဲမှာ မေ၀ဲလ်သာက အနိုင်ရရှိခဲ့မယ်ဆိုရင် အမေရိကန် လက်ဝှေ့ချန်ပီယံဟောင်း မာစီယာနို တင်ထားခဲ့တဲ့ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်ခဲ့လို့ မန်ယူပရိသတ်တွေ ပျော်ရွှင်လိမ့်မယ်လို့ အသေအချာပြောရဲကြောင်း ရွန်နီဆို

တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ကြတဲ့ မန်စီးတီးနဲ့အဲဗာတန်တို့ရဲ့ပွဲစဉ်မှာ အဲဗာတန်တိုက်စစ်မှူးရွန်နီဟာ အဖွင့်ဂိုး ကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရွန်နီဟာ ပွဲချိန် ၃၅ မိနစ်မှာ အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရွန်နီဟာ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့နောက် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။