ပရီးမီးယားလိဂ် အသင်းများ ချန်ပီယံလိဂ်တွင် အခြေအနေကောင်း

 ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ပရီးမီးယားလိဂ်အသင်းများ အောင်မြင်မှုရသင့်သလောက်မရဟု စွပ်စွဲခံရ သော်လည်း ယခုနှစ်တွင် ချန်ပီယံလိဂ် ကို ပရီးမီးယားလိဂ်အသင်းများက လွှမ်းမိုးထားသည်။

၂၀၁၂ က ချယ်လ်ဆီးချန်ပီ ယံဖြစ်ပြီးနောက်ပိုင်း မည်သည့် အင်္ဂလိပ်အသင်းမျှ ချန်ပီယံဖလား ကိုင်မြှောက် နိုင်ခြင်းမရှိပေ။ သို့ သော်လက်ရှိရာသီချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်အသင်းများ ၁၅ ပွဲကစားပြီး ငါးသင်းစလုံး ရှုံးပွဲမကြုံသေးပေ။

မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးနှင့် စပါးတို့သည် ၁၁ ပွဲအနိုင်ရရှိပြီး လေးပွဲသရေ ရလဒ်များရရှိကာ အားလုံးမှာလည်း ရှုံးထွက်အဆင့်ကို ကျော်လွန်၍ ရှေ့ဆက်နိုင်သည်အထိ အင်အားကောင်းနေပုံရသည်။ အင်္ဂလိပ်အသင်းအားလုံး အုပ်စုထိပ်ပိုင်းတွင် နေရာယူထားသည်။

ထို့အပြင် အင်္ဂလိပ်အသင်းများသည် ၄၄ ဂိုးသွင်းယူထားပြီး ၁၁ ဂိုးသာ ခွင့်ပြုခဲ့ရသည်။ ချယ်လ်ဆီးနှင့် စပါးတို့ မက်ဒရစ်မြို့တွင် ကစားပုံနှင့် နာပိုလီကို မန်စီးတီး အနိုင်ယူခဲ့ပုံကို ကြည့်ပါက ပရီးမီးယားလိဂ်အသင်းများ ဥရောပ စင်မြင့်သို့ ပြန်ရောက်လာပြီဆိုကြောင်း ပြသနေသည်။

  —Ref:MARCA