မာရာဒိုနာနဲ့ ကိုဘီဘရိုင်ယန်တို့ စပါး-လီဗာပူးလ်ပွဲကို လာရောက်ကြည့်ရှု

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အာဂျင်တီးနား ဘောလုံးအကျော်အမော် ဒီယေဂိုမာရာဒိုနာနဲ့ ဘတ်စကတ်ဘော အကျော်အမော် ကိုဘီဘရိုင်ယန်တို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

မာရာဒိုနာအနေနဲ့ စပါးအသင်းနည်းပြ ပိုချက်တီနိုအပါအ၀င် တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဂိုးသမား လိုရစ်တို့နဲ့ လည်း တွေ့ဆုံးခဲ့ကာ စပါးအသင်းက မာရာဒိုနာရဲ့ အမည်နဲ့ ကျောနံပါတ် (၁၀) ပါ ဂျာစီကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ စပါးအသင်းအင်္ကျီကို ကိုင်မြှောက်ပြီး ၀င်ဘာလေကွင်းအတွင်း ပရိသတ်ကို လှည့်လည် နှုတ်ဆက်ခဲ့ပါတယ်။ မာရာဒိုနာအပြင် ဘတ်စကတ်ဘောအကျော်အမော် ကိုဘီဘရိုင်ယန်လည်း အခုပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး စပါးအသင်း အ၀တ်လဲခန်းအထိ လာရောက်ပြီး အသင်းသားတွေနဲ့ အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရပါတယ်။ ကိုဘီဘရိုင်ယန်ကိုလည်း သူရဲ့ နာမည်ပါ ကျောနံပါတ် (၂၄)အင်္ကျီကို ဟယ်ရီကိန်းက အမှတ်တရပေးအပ်ခဲ့ ကြောင်းသိရပါတယ်။

-Ref; Goal.com