ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ အင်္ဂလန်အသင်းတက်ရောက်

လီဗာပူးလူငယ်အ သင်းတိုက်စစ်မှူး ဘရူးစတား၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ အင်္ဂ  လန်က ဘရာဇီးကို ၃-၁ ဂိုးဖြင့် နိုင်ပြီး ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ် လုပွဲသို့ တက်ရောက်သွားပြီဖြစ် သည်။

နည်းပြ စတိဗ်ကူးပါး ၏ အင်္ဂလန် အသင်းသည် ဗိုလ်လုပွဲတွင် မာလီ(သို့မဟုတ်) စပိန်နှင့် ရင်ဆိုင်တွေ့မည် ဖြစ်သည်။

အင်္ဂလန်ယူ-၁၇ တိုက်စစ် မှူး ဘရူးစတားသည် ယခုဟက် ထရစ်ဂိုးနှင့်အတူ အိန္ဒိယနိုင်ငံ တွင် ကျင်းပနေသော ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဂိုးသွင်းအများ ဆုံးကစားသမားနေရာ ရယူထားသည်။

၎င်းသည် အမေရိကန်နှင့် ပွဲတွင်လည်း ဟက်ထရစ်သွင်းခဲ့ပြီး အထူးကောင်းမွန်သော ခြေစွမ်းများ ပြသနေသဖြင့် အသင်းကြီးများ၏ စိတ်ဝင်စားမှုခံရနိုင်သည်။

အသက်(၁၇)နှစ်သာရှိသေးသော ဘရူးစတားက မန်စီးတီးနည်းပြ ဂွာဒီယိုလာကို လေးစားသည်ဟု ပြောသည်။

 

-Ref; BBC