တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ရန် မိုဖာရာ ရည်ရွယ်

တိုကျိုမြို့မှာပြုလုပ်မယ့် ၂၀၂ဝ အိုလံပစ်ပြိုင်ပွဲမှာ နာမည်ကြီးအပြေးသမား မိုဖာရာက ရွှေတံဆိပ်ဆု ထပ်မံ ဆွတ်ခူး နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အိုလံပစ်ရွှေတံဆိပ် ၄ ဆု ရရှိထားသူ မိုဖာရာဟာ အစောပိုင်းက အနားယူထားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ နေးလ်ဘလက်က မိုဖာရာအနေနဲ့ ၂၀၂၀ အိုလံပစ်မှာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြု ခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ်ရှိ တာဝေးအပြေးသမားဟာ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် ကျန်းမာသန်စွမ်း သေးကြောင်း၊ ဒါကြောင့် လာမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မိုဖာရာအနေနဲ့လည်း ဗြိတိန်နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်လိုနေတာဖြစ်ပြီး ဆုတံဆိပ်တွေ ထပ်မံရရှိလိုတယ်လို့ သိရပါတယ်။

 (DVB)