ဒီဇင်ဘာလအတွင်း အဆင့်ရပ်တည်မှု စံချိန်တင် မြင့်တက်လာတဲ့ မြန်မာအသင်း

ဒီဇင်ဘာလအတွက် ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှု စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့သလို၊ အိန္ဒိယအသင်းကိုလည်း သရေကစားထားနိုင်ခဲ့ပြီး ရှုံးပွဲ မရှိခဲ့ကာ သွင်းဂိုး ၄ ဂိုးအထိ ရယူထားနိုင်ခဲ့တာ ကြောင့်လည်း ယခုလို အဆင့်သတ်မှတ်ချက်(၁၀)ဆင့်အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလလည်း အဆင့်သတ်မှတ်ချက် ၅ ဆင့်အထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ရပ်တည်မှု ၁၅၅၊ အာရှ အဆင့် ရပ်တည်မှု ၂၉ နဲ့ အာဆီယံ အဆင့် ရပ်တည်မှု ၄ မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ယခုလမှာတော့ စံချိန်တင် အဆင့်မြင့်တက်မှုလို့ ဆိုရအောင် ၁၀ ဆင့်အထိ မြင့်တက်လာခဲ့ကာ ကမ္ဘာ့အဆင့် ၁၄၀၊ အာရှအဆင့် ၂၇ နဲ့ အာဆီယံ အဆင့် ၄ တို့မှာ ပြောင်းလဲ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆီယံအဆင့်မှာတော့ မြန်မာအသင်းအနေနဲ့ အဆင့် ၄မှာ ဆက်လက်ရပ်တည်ထားနိုင်ပြီး အဆင့် ၁ အဖြစ် ဗီယက်နမ်အသင်း ပြောင်းလဲ ရပ်တည်ခဲ့ကာ၊ ဒုတိယနေရာမှာတော့ ဖိလစ်ပိုင်အသင်းက လည်းကောင်း၊ တတိယနေရာမှာ ထိုင်းအသင်းကလည်းကောင်း အသီးသီးရပ်တည်ထားပါတယ်။

Source- FIFA.com /#Duwun_Sports