အမေရိကန်နည်းတူ ယူနက်စကိုမှ နုတ်ထွက်ရန် အစ္စရေးဆုံးဖြတ်

အမေရိကန်နည်းတူ ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းကြီး ယူနက်စကိုထံမှ နုတ်ထွက်မည်ဟု အစ္စရေးက ကြေညာခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက ယူနက်စကိုကို စွန့်ခွာမည့် အမေရိကန်၏ ရွေးချယ်မှုသည် ရဲရင့်ပြီး ကြောင်းကျိုးသင့်လျော်သည့် ဆုံးဖြတ်ချက်ဟု ချီးကျူးခဲ့သည်။

လတ်စ်ဗီးဂတ်စ်ပစ်ခတ်မှု ဒဏ်ရာရသူက လက်နက်ရှာဖွေရေးကုမ္ပဏီကို တရားစွဲ

လတ်စ်ဗီးဂတ်စ် ပစ်ခတ်မှုအတွင်း အသက်မသေ လွတ်မြောက်ခဲ့သူတဦးက  ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ စတိတ်ရှိုးပွဲ စီစဉ်သူတွေနဲ့ လက်နက်ရှာဖွေရေးကိရိယာ ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

အဲဒီတရားစွဲဆိုမှုကို နီဗားဒါးပြည်နယ် ကလာ့ခ်ကောင်တီမှာ အောက်တိုဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ပေ့ခ်ျဂတ်စ်ပါဆိုသူ အမျိုးသမီးဟာ လတ်စ်ဗီးဂတ်စ် ပစ်ခတ်မှုမှာ ထိမှန်ခဲ့တဲ့ ကျည်ဆန်ကြောင့် နံရိုးတွေ ကြေမွခဲ့ပြီး အသည်းပေါက်ပြဲခဲ့ရပါတယ်။

တောင်တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ ရန်စမှုကို ကန့် ကွက်

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရေပိုင်နက်ဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း Xisha ကျွန်းစုကမ်းရိုးတန်းရေပြင်သို့  အမေရိကန် စစ်သင်္ဘော တစ်စင်းက အခွင့်မရှိဘဲ ဖြတ်ကျော်ဝင်ရောက်ခြင်း အား ပြင်းထန်စွာ ကန့် ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကတ်တာလိုးနီးယား လွတ်လပ်ရေးကြေညာမည့်ကိစ္စ စပိန်ဝန်ကြီးချုပ် အရေးပေါ်အစည်းအဝေး ခေါ်ယူ

စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း (Mariano Rajoy) ဟာ ကတ်တာလိုးနီးယားကို လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက် ညက  ကတ်တလန်ခေါင်းဆောင် ပူအီဒမုန်းဟာ စပိန်နိုင်ငံကနေ လွတ်လပ်ရေး ရကြောင်း ကြေညာခဲ့ပြီးနောက် ချက်ချင်းဆိုသလို စပိန်အစိုးရနဲ့ ဆွေးနွေးခွင့်ပြုဖို့အတွက် ကြေညာချက်ကို ခေတ္တ ဆိုင်းငံ့လိုက်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ သေဒဏ်အမိန့်ပြင်ဆင်မှု ဝေဖန်ခံရ

စင်ကာပူနိုင်ငံက သေဒဏ်မိန့်ချမှတ်တဲ့စနစ်ကို ပြင်လိုက်တယ်ဆိုပေမဲ့ ခြောက်ပစ်ကင်း သဲလည်းစင်မဟုတ်ဘဲ အသေးစားမူးယစ်ဆေးဝါးမှု ကျူးလွန်သူတချို့ကို သက်ညှာခွင့်မပေးဘဲ ကြိုးတိုက်တွေကို ပို့နေတယ်လို့ AI- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက နှစ်ပေါင်းများစွာ ဝေဖန်လာပြီးတဲ့နောက် မူးယစ်ဆေးမှောင်ခိုမှုတချို့နဲ့ လူသတ်မှု တွေကို သေဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့ စံကို စင်ကာပူနိုင်ငံက ၂၀၁၃ မှာ လျှော့ပေါ့ပြင်ဆင် လိုက်ပါတယ်။ ဒီအတွက် တချို့အမှုတွေမှာ တရားသူကြီးတွေက သေဒဏ်အစား တသက်တကျွန်းကျခံမိန့် ချမှတ်နိုင်ခွင့် ရှိသွားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ကန် ပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူကောင်းယူဖို့ စဉ်းစားထားကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောနေချိန်မှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ မနေ့တုန်းက ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ကန် နှင့် ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

ကယ်လီဖိုးနီးယား မြောက်ပိုင်း မီးလောင်မှုများအတွင်း သေဆုံးသူ ၁၇ ဦးထိ ရှိလာ

ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဒေသတွင် ဖြစ်ပေါ်နေသော မီးလောင်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၇ ဦးထိ မြင့်တက်လာကြောင်း သိရသည်။

အမေရိကန်၏ အကျော်ကြားဆုံး ဝိုင်အရက် ထုတ်လုပ်ရာ ဒေသများတွင် ယခုသီတင်းပတ် အစောပိုင်း ကတည်းက စတင်၍ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ဆန်တာရိုဆာ၊ ဆိုနိုမာ ခရိုင်များတွင် အရေးပေါ် ရွှေ့ပြောင်း မှုများ ဆောင်ရွက်ပေးနေရပြီး ဆိုနိုမာ၊ နာပါနှင့် မန်ဒိုစီနို ခရိုင်များတွင် ဆိုးဆိုးရွားရွား မီးလောင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။

ကက်တလန်သမ္မတ၏ ဆွေးနွေးပွဲ တောင်းဆိုခြင်းကို စပိန်ပယ်ချ

မက်ဒရစ်၊ အောက်တိုဘာ ၁၁

ကာတာလိုနီးယား ပြည်သူတို့၏ အောက်တိုဘာ ၁ ရက်က စပိန်မှ လွတ်လပ်ရေးခွဲထွက်သည့်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဥပဒေနှင့် အညီပြုခြင်းအား စပိန်အစိုးရအနေဖြင့် လက်ခံမည် မဟုတ်သကဲ့သို့ လွတ်လပ်ရေး ခွဲထွက်မှု အများစုမဲပေးသော အရှေ့မြောက်ပိုင်းဒေသ ကက်တလန် လွှတ်တော်၏ မည်သည့်အဆိုကိုမျှ နားလည်လက်ခံပေးမည် မဟုတ်ကြောင်း စပိန်ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်တွင် ထပ်လောင်း ပြောဆိုသည်။

၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

လာမယ့် ၂၀၁၈ နိုဝင်ဘာလကျရင် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်ဆိုပြီး လက်ရှိထိုင်းအစိုးရ ခေါင်းဆောင် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၁၀ ရက်မှာ ပြောဆိုသွားပါတယ်။ ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ မေလတုန်းကပဲ စစ်တပ်က အာဏာသိမ်းပြီးတော့ နိုင်ငံကို တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

လျှို့ဝှက်သတင်းတွေကို မြောက်ကိုရီးယား ထွင်းဖောက် ရယူခဲ့

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးဗျူဟာတွေကို ဖော်ပြနေတဲ့ စာရွက်စာတမ်းတွေကို ကွန်ပြူတာ စနစ်ကို ထွင်းဖောက်ပြီး မြောက်ကိုရီးယားဘက်က ခိုးယူခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

ကင်မ်ဂျုံအွန်းကို လုပ်ကြံမယ့် အစီအစဉ်လည်း ပေါက်ကြား

ကိုရီးယားကျွန်းဆွယ်မှာစစ်ပွဲပေါ်ပေါက်လာရင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ဗျူဟာတွေကို မြောက်ကိုရီးယား ဟက်ကာတွေက ဆိုင်ဘာ တိုက်ခိုက်မှုပြုလုပ်ပြီး ရယူခဲ့တယ်လို့ ဆိုပါတယ်။