ဆော်ဒီမှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသမီးတဦးအဖြစ် တီထွင်ထားတဲ့ ဆိုဖီယာစက်ရုပ်လူသားကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်သွားခဲ့ပါတယ်။

သူ့ကိုဒီလိုအသိအမှတ်ပြုတဲ့အတွက် ဆော်ဒီဘုရင့်နိုင်ငံတော်ကို ကျေးဇူးတင်တယ်လို့ ဆိုဖီယာစက်ရုပ် လူသားက တုံ့ပြန်ပြောလိုက်ပါတယ်။

ထိုင်းဘုရင် ဘူမိဘော၏ အရိုးပြာများကို ဘန်ကောက်ရှိ နတ်ကွန်းနှစ်ခုတွင် ခွဲဝေထားရှိ

နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂျက်၏ ဈာပန အခမ်းအနား နောက်ဆုံးနေ့တွင် ၎င်း၏ အရိုးပြာ များကို နတ်ကွန်းနှစ်ခုသို့ ဖြန့်ဝေ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်တွင် ကြီးကြီးကျယ်ကျယ် စီစဉ်ကျင်းပခဲ့သည့် ငါးရက်ကြာ ဈာပန အခမ်းအနားမှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့သည်။ ထိုနေ့တွင် ဘူမိဘော၏ အရိုးပြာများကို ဘန်ကောက်ရှိ တော်ဝင် မိသားစုဝင်များ ဝတ်ပြုရာ ဘုရားကျောင်း နှစ်ကျောင်းမှ နတ်ကွန်းများထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ငါးခိုးဖမ်းတဲ့ ထိုင်းရေယာဉ်အမှု အင်ဒိုနီးရှား အနိုင်ရ

အင်ဒိုနီးရှား ရေပိုင်နက်ထဲ ငါးခိုးဖမ်းတာနဲ့ လူကုန်ကူးတာတွေနဲ့ ဆက်စပ်ပြီး ထိုင်းရေယာဉ်တစင်းကို ဖမ်းဆီးထားတဲ့ကိစ္စ နှစ်နှစ်ကြာ တရားရင်ဆိုင်ရပြီးတဲ့နောက် အမှုနိုင်သွားပြီလို့ အင်ဒိုနီးရှား ငါးလုပ်ငန်းနဲ့ ရေကြောင်းရေးရာဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ငါးခိုးဖမ်းတဲ့ကိစ္စ အများပြည်သူကို ပညာပေးနိုင်အောင် အအေးခန်းပါပါတဲ့ Silver Sea 2 ငွေပင်လယ် ရေယာဉ်အမှတ်-၂ ကို ပြတိုက်မှာပြသထားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ကက်တာလိုနီးယား မခွဲထွက်ရေး စပိန်ပြည်သူ ထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

ဘာစီလိုနာ၊ အောက်တိုဘာ ၃၀

ကက်တာလိုနီးယား၏ မြို့တော် ဘာစီလိုနာတွင် စပိန်ပြည်သူ ထောင်သောင်းများစွာက နိုင်ငံတော်အလံနှင့် ဥရောပအလံများကို ကိုင်ဆောင်ဝှေ့ယမ်းလျက် ချီတက်ဆန္ဒပြပြီး စပိန်မှ ကက်တလန်ဒေသခွဲထွက်ရေးကို မဲပေးသည့် ဌာနေလွှတ်တော်အမတ်များကိုလည်း ရှုတ်ချကြသည်။

လူလှိုင်းလုံးကြီးသဖွယ် တအိအိ ချီတက်လာသော ဆန္ဒပြသူများက သီချင်းများ သံပြိုင်ဆိုကာ လက်ခုပ် သြဘာများ တီးလျက် ဘာစီလိုနာ လမ်းများတစ်လျှောက် ချီတက်ကြကာ အနီနှင့် အဝါခြယ် စပိန်အလံများဖြင့် လူပင်လယ်ပြင်ကြီး ဖြစ်သွားသည်။

ဆော်ဒီမှာ အမျိုးသမီးတွေ အားကစားပွဲ ကြည့်ခွင့်ရ

ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို အားကစားရုံများထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ကြည့်ရှုခွင့် ပေးလာဖွယ် ရှိနေကြောင်း သိရသည်။

ဆော်ဒီ အာဏာပိုင်များက အမျိုးသမီးများနှင့် ပတ်သက်၍ ကြီးကြီးမားမား ကန့်သတ်တားဆီးမှု အချို့ကို ဖယ်ရှားဖွယ် ရှိနေကြောင်း အတည်ပြုခဲ့သည်။ ဆော်ဒီအစိုးရသည် ပြီးခဲ့သည့် လပိုင်းအတွင်းက အမျိုးသမီးများ ကိုယ်တိုင် ကားမောင်းခြင်းကိုလည်း နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့သည်။

ဖိလစ်ပိုင်တွင် IS တို့ကို နှိမ်နင်းနိုင်ခဲ့မှု၌ အမေရိကန်၏ အခန်းကဏ္ဍက အလွန်အရေးပါခဲ့

အောက်တိုဘာ ၂၅ ရက်က မာရာဝီရှိ စစ်စခန်းတစ်ခုသို့ ပြန်ရောက်လာသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်းတွင် မာရာဝီမြို့ကို ငါးလကြာ သိမ်းပိုက်ခဲ့သော IS ထောက်ခံသူ များအား နှိမ်နင်းနိုင်ခဲ့မှု တွင် အမေရိကန်က အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မနီလာရှိ အမေရိကန် သံအမတ်ကြီးက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းပြည်သူတွေ ကြိမ်မီးအုံးပမာ ခံစားရတဲ့ ဘုရင်ကြီး ရုပ်ကလာပ်တော် မီးသဂြိုလ်မှုအပြီး အရိုးပြာကောက် အခမ်းအနား

ထိုင်းဘုရင်ကြီး ဘူမဘောရဲ့ ငါးရက်တာ ဈာပနတော်အခမ်းအနားရဲ့ အောက်တိုဘာ ၂၇ ရက်မှာ ဘုရင်ကြီးရဲ့ အရိုးပြာ ကောက်ယူမှု အခမ်းအနား စပါတယ်။

ဘုရင်ကြီးကို အောက်တိုဘာ ၂၆ ရက် ည ဆယ်နာရီမှာ မီးသဂြိုလ်ခဲ့တာဖြစ်ပြီး အနက်ရောင်များ ဝတ်ဆင် ထားကြတဲ့ ဝမ်းနည်းပူဆွေးနေကြတဲ့ ထိုင်းပြည်သူ သုံးသိန်းကျော် ဘုရင်ကြီးရဲ့ ဈာပနကို တက်ရောက်ခဲ့ကြ တာ ဖြစ်ပါတယ်။

ကင်ညာရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် ရွေးကောက်ပွဲနေ့၌ဆန္ဒပြသူများထဲမှ ၆ဦးသေဆုံး

ကင်ညာနိုင်ငံ၌ အတိုက်အခံများက သပိတ်မှောက်ထားသော သမ္မတရွေးကောက်ပွဲကို ကြာသာပတေးနေ့၌ ပြန်လည်ကျင်းပသည့်အခါတွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အချင်းများကြရာမှ  ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် လူ ၆ ဦးခန့် သေဆုံးခဲ့ရသည်။

အတိုက်အခံအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ရိုင်လာအိုဒင်ဂါက သူ့ကိုထောက်ခံသူများအား ရွေးကောက်ပွဲနေ့၌ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်မှာကြားထားသော်လည်း ထောက်ခံသူအချို့သည် မဲပုံးများ မဲရုံများသို့ မရောက်ရှိအောင် တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရာမှ ယခုလိုအချင်းများခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှု သေဆုံးသူဦးရေ ၅၀ နီးပါးထိ မြင့်တက်လာ

အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေမှာ ၅၀ နီးပါးထိ မြင့်တက်လာကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်က ဂျကာတာမြို့တော် အနောက်ပိုင်း တန်ဂီရန်းရှိ စက်မှုဇုန် တစ်ခုမှ စက်ရုံတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး မီးကူးစက် လောင်ကျွမ်းခဲ့သည်။ အောက်တိုဘာ ၂၇ ရက်ထိ စာရင်းအရ သေဆုံးသူ အနည်းဆုံး ၄၆ ဦးထိ ရှိခဲ့ကြောင်း အတည်ပြုထားပြီး နောက်ထပ် ၅၀ နီးပါး ဒဏ်ရာများ ရရှိခဲ့သည်။

ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနပွဲ

ယနေ့ ည ဆယ်နာရီတွင် မီးသဂြိုလ်မယ့် ဘုရင်ကြီး ဈာပနတော်သို့ ထိုင်းပြည်သူ နှစ်သိန်းကျော် ရောက်ရှိနေ

ထိုင်းနိုင်ငံမှာ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက် ရောက်ရှိလာပြီဖြစ်လို့ ပူဆွေးဝမ်းနည်းနေတဲ့ ထိုင်းပြည်သူ အများ ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။