မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယား အနေဖြင့် မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ခြိမ်းခြောက် ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ၎င်းတို့၏ ဆဋ္ဌမအကြိမ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှုကို မြေအောက်တွင် စမ်းသပ်ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန်နှင့် နိုင်ငံတကာက ယင်းကိစ္စအပေါ် အလေးအနက် ပူပန်မှု မရှိသည့် သဘောမျိုး တုံ့ပြန်ခဲ့ခြင်းအပေါ် မြောက်ကိုရီးယားက ဒေါသထွက်နေဟန် ရှိသည်။

အချေအတင် အငြင်းပွားစရာ ကင်ညာ သမ္မတ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်

အတိုက်အခံခေါင်းဆောင် ရေလာ အိုဒင်ဂါ ကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်

ကင်ညာနိုင်ငံမှာ ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ အခွင့်အရေးအတိုင်း ဆောင်ရွက်ကြဖို့နဲ့ ဒီကနေ့ ပြန်လည် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ သမ္မတ အူရူ ကန်ညက်တာက တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်ဝါဒကို အိန္ဒိယနှင့်လက်တွဲ၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမေရိကန်ကတိပေး

နယူးဒေလီ၊ အောက်တိုဘာ ၂၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ၏နိုင်ငံအနေဖြင့် အိန္ဒိယအစိုးရနှင့်လက်တွဲ၍ အကြမ်းဖက်ဝါဒကို ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများကို ခိုလှုံခွင့် ပေးထားမှုအပေါ်လည်း သည်းခံသွား မည်မဟုတ်ကြောင်း ပါကစ္စတန်ကိုရည်ညွှန်းသွယ်ဝိုက်၍ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးရေးဝန်ကြီး ရက်စ်တေလာဆန်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာဆွာရတ်ခ်ျနှင့် တွေ့ဆုံ ပြီးနောက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ထိုင်းဘုရင် ဘူမိဘော၏ ဈာပန အခမ်းအနားအတွက် ပြင်ဆင်မှုများ အပြီးသတ်

လွန်ခဲ့သည့် တစ်နှစ်ကျော်က နတ်ရွာစံခဲ့သည့် ဘုရင်ကြီး ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ တော်ဝင် ဈာပန အခမ်းအနားကို ကျင်းပရန် ထိုင်းနိုင်ငံတွင် ပြင်ဆင်မှုအားလုံး အသင့်ဖြစ်နေပြီဟု သိရသည်။

ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များ စာရင်းတွင် စင်ကာပူပတ်စ်ပို့တ် ပထမဆုံးအကြိမ် ဦးဆောင်

စင်ကာပူ ပတ်စ်ပို့တ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာကြောင်း သိရသည်။ နိုင်ငံတစ်ခု၏ ပတ်စ်ပို့တ် ဩဇာ သက်ရောက်နိုင်စွမ်းကို အခြားနိုင်ငံများသို့ သွားလာရာတွင် ဗီဇာကင်းလွတ်ခွင့်နှင့် တိုင်းတာလေ့ ရှိသည်။ ပါရာဂွေး အစိုးရက စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သည့်နောက် ဂျာမနီကို ကျော်တက်ကာ စင်ကာပူက ထိပ်ဆုံးနေရာ ရောက်လာခြင်း ဖြစ်သည်။

မော်စီတုန်းနောက်ပိုင်း ‘သြဇာအကြီးဆုံး’ တရုတ်ခေါင်းဆောင် ရှီ

ပါတီဖွဲ့စည်းပုံကို ပြင်ပြီးနောက် ရှီဂျင်ပင်း (ဝဲ)ဟာ မော်စီတုန်း (ယာ) နောက်ပိုင်း သြဇာအရှိဆုံးဖြစ်လာ

 တရုတ်နိုင်ငံမှာ ကွန်မြူနစ် ပါတီ ခေါင်းဆောင် မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံး ခေါင်းဆောင် အဖြစ် လက်ရှိ သမ္မတ ရှီ ဂျင်ပင်းကို ကွန်မြူနစ် ပါတီက သတ်မှတ်လိုက်ပါတယ်။

ဗလီတစ်ခုက နောက်ဆုံးတိုက်ပွဲအပြီး မာရာဝီမြို့စစ်ပွဲများ အဆုံးသတ်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ပြော

မနီလာ၊ အောက်တိုဘာ ၂၄

ဖိလစ်ပိုင်တောင်ပိုင်းတွင် အိုင်အက်စ်ထောက်ခံသော ဘာသာရေးစစ်သွေးကြွများကို ချေမှုန်းသည့် ငါးလကြာ စစ်ပွဲသည် ဗလီတစ်ခုအတွင်း   နောက်ဆုံးတိုက်ပွဲတစ်ရပ်အား တိုက်ခိုက်ပြီးနောက် အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။

နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးများ ၂၄ နာရီ တပ်လှန့်ထားမည့် စနစ်ကို အမေရိကန်လေတပ် ပြန်လည် အသက်သွင်း

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ၂၄ နာရီ နိုးနိုးကြားကြား အသင့်ပြင်ထားရန် အမေရိကန်စစ်ဘက်က စီစဉ်နေကြောင်း သိရသည်။

B-52 ဗုံးကြဲလေယာဉ်ကြီးများ သည် အချိန်တိုင်း အရေးပေါ်ပျံတက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် အသင့်အနေအထားဖြင့် ရှိနေမည့်သဘော ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အဆုံးသတ် သွားသည့် စစ်အေးကာလ နောက်ပိုင်းတွင် အမေရိကန် လေတပ်သည် ထိုကဲ့သို့ အသင့်ပြင်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိချေ။

အိုင်အက်စ်လက်မှ လွတ်မြောက်လာသည့် မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့

အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

ထရမ့်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌တွေ့ဆုံစဉ် မြောက်ကိုရီးယားအရေးကိစ္စဆွေးနွေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄

အမေရိကန်သမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်တို့သည် အိမ်ဖြူတော်၌တနင်္လာနေ့က တွေ့ဆုံစဉ်တွင် မြောက်ကိုရီး ယားအရေးကိစ္စနှင့် ပက်သက်၍ဆွေးနွေးခဲ့ပြီး   ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန် တုံ့ပြန်ရန် လိုအပ်သည့်အကြောင်းအရာများကို ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်နှင့် လီရှင်လောင်းတို့သည် ဘဲဥပုံရုံးခန်းထဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထို့နောက်တွင် သူတို့သည် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြသည်။