ဆော်ဒီအစိုးရက ဟူသီ သူပုန်ခေါင်းဆောင် ၄ဝ အား ဆုကြေးငွေထုတ်ပြန်ကြေညာ

ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွသူပုန်အဖွဲ့၏ ခေါင်းဆောင် ၄ဝ ၏ သတင်းအချက်အလက်များအား ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ကို ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ဒေသတွင်း သတင်းအေဂျင်စီက ပြောသည်။

အဆိုပါ သူပုန်ခေါင်းဆောင်များအား ဖမ်းဆီးမှုပြုလုပ်နိုင်ရန် ယင်းခေါင်းဆောင် များတည်ရှိရာနေရာကို သတင်းပေးနိုင်သူများအား ဆုကြေးငွေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကဆက်စ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၂၆ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိ သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ ယခုဖြစ်စဉ်ဟာ ပြည်နယ်တွင်းက ၀ီလ်ဆန် ကောင်တီရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တနင်္ဂနွေနေ့ ဘုရားဝတ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပူတင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၀၀ ကျော်ကို ရုရှ အာဏာပိုင်များ ဖမ်းဆီး

နိုဝင်ဘာ ၆

ရုရှနိုင်ငံမှာ သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း အာဏာပိုင်တွေက လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း လုံခြုံရေး တင်းကျပ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အတိုက်အခံ နိုင်ငံရေးသမား ယာချီစလက်ဗ် မော့ဆက်ဗ်က နိုင်ငံတစ်ဝှမ်း ပူတင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တစ်ပြိုင်နက်ပြုလုပ်ကြဖို့ ၎င်းရဲ့ ၀က်ဆိုဒ်ကနေတဆင့် တိုက်တွန်းခဲ့ပြီးနောက် ယခုလို တရားဝင်ခွင့်ပြုချက်မရှိတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကို လျော့မတွက်သင့်ကြောင်း သမ္မတ ထရမ့် ပြောကြား

အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ဓာတ်ရေးရာအရ ခိုင်မာသန်စွမ်းမှုကို လျှော့မတွက်သင့်ဘူးဆိုတာ အာဏာရှင်အစိုးရတွေ သိထားကြစေလိုကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့် က ပြောလိုက်ပါတယ်။

အာရှခရီးစဉ်စတင်တဲ့အနေနဲ့ ဂျပန်နိုင်ငံကိုရာက်ရှိနေတဲ့ သမ္မတဒေါ်နယ်ထရမ့်က တိုကျိုမှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်းက တပ်သားတွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ မြောက်ကိုရီးယားကို ရည်ရွယ်ပြောဆို ခဲ့တာပါ။

ယီမင်နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျပြီး ဆော်ဒီမင်းသား သေဆုံး

နိုဝင်ဘာ ၆

ယီမင်နိုင်ငံ နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ဆော်ဒီမင်းသားတစ်ပါးဖြစ်တဲ့ မန်ဆိုအာ ဘင် မော်ကရင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။

အာဆာပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သလို ယခင် အိမ်ရှေ့စံမင်သားတစ်ပါးရဲ့ သားတစ်ဦး လည်း ဖြစ်တဲ့ မင်းသား မန်ဆိုအာဟာ အလုပ်ကိစ္စတစ်ခုလုပ်ဆောင်ဖို့ တစ်ခြားအရာရှိတွေလိုက်ပါပြီး ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ရင်း ယီမင်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတောင်ပိုင်းမှာ ပျက်ကျသေဆုံး သွားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ အယ်လ် အက်ဘာရီယာက ကြေညာပါတယ်။

မြောက်ကိုရီးယားတွင် နျူကလီယားအလုပ်ရုံမြေအောက်ဥမင် ပြိုကျမှု သေဆုံးသူ ၂၀၀ အထိရှိနိုင်

မြောက်ကိုရီးယားမှာ နျူကလီးယားလုပ်ငန်းခွင်တစ်ခုအတွင်း မြေအောက်ဥမင်လှိုဏ်ခေါင်း ပြိုကျတဲ့အတွက် လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဂျပန်သတင်းတစ်ရပ်အဆိုအရ ပြိုကျသွားတဲ့ ဥမင်ဟာ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ ဥမင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက နျူကလီယား လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်မဲ့ဇုန်သို့ ထရမ့်သွားရောက်မည် မဟုတ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်

ဝါရှင်တန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လာမည့် အာရှခရီးစဉ်အတွင်း အချိန်ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက် လည်ပတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားညီလာခံကျင်းပဖို့ အစီအစဉ်များချမှတ်ရန် ရုရှား၊တူရကီနှင့် အီရန်တို့သဘောတူ

အက်စ်တာနာ၊ ကာဇတ်စတန်၊ နိုဝင်ဘာ ၁

ရုရှား၊ တူရကီနှင့် အီရန်တို့သည် ကာဇတ်စတန်၌ကျင်းပခဲ့သော ထိပ်သီးစည်းဝေးပွဲ၌ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို အားပေးသည့်အနေဖြင့် ဆီးရီးယားအစိုးရနှင့် ၄င်း၏ အတိုက်အခံများကြားတွင် ညီလာခံတစ်ရပ်ကျင်းပ နိုင်အောင် လုပ်ဆောင်ပေးရန် အင်္ဂါနေ့က ကတိပြုခဲ့ကြသည်။

လုံခြုံရေးထူထဲစွာချထားသည့်ကြားက ကာဘူးလ်မြို့ သံတမန်ရပ်ကွက်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး ငါးဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ရှိ လုံခြုံရေးထူထဲစွာ ချထားသည့် သံတမန်ရပ်ကွက်တစ်ခု၌ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု   ဖြစ်ပွားသွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ဒါဇင်နဲ့ ချီ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူများက ပြောသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အရေးကြီးသည့်နေရာများကို လုံခြုံရေးတင်းကျပ်ဆောင်ရွက် ထားသော်ငြားလည်း တိုက်ခိုက်မှုများကို တားဆီးကာကွယ်နိုင်သေးခြင်း မရှိသေးသည်ကို ပြသနေလျက်ရှိ ကြောင်းလည်း သိရသည်။

ရှရှားနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ဖေ့စ်ဘွတ်ခ် ဖွင့်ချ

ရုရှားကပို့စ်တွေ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ ရောက်ရှိခဲ့

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားကနေ တင်နေတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေဟာ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ အထိ ရောက်ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။