မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကို ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်အတွင်း ထည့်သွင်း

ဝါရှင်တန် စက်တင်ဘာ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မူလက ¤င်းချမှတ်ထားခဲ့သည့် ခရီးသွား လာခွင့်ပိတ်ပင်မှုစာရင်းတွင် မြောက် ကိုရီးယား၊ ဗင်နီဇွဲလားနှင့်ချက်သမ္မတ နိုင်ငံတို့မှ နိုင်ငံသားများကို ထည့်သွင်း ကာ နိုင်ငံရှစ်ခုအထိ ပိတ်ပင်မှုကိုတိုးမြှင့် လိုက်ပြီး ခရီးသွားလာမှုကန့်သတ်ချက်အသစ်များထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

အီရတ်နိုင်ငံ ကာ့ဒ်လူမျိုးများ သမိုင်းဝင်လွတ်လပ်ရေးအတွက် မဲပေး

 နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေသည့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသအတွက် လွတ်လပ်ရေးဆိုင်ရာ သမိုင်းဝင် ပြည် သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်လူမျိုးများ မဲပေးနေကြသည်။

အီရတ်နိုင်ငံ ကာ့ဒ်ဒေသလွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွင်း မဲထည့်နေသော ကာ့ဒ်ဒေသဆိုင်ရာသမ္မတ မာဆူဘာဇာနီ (Azad Lashkari/reuters)

ကိုယ်ပိုင်အာကာသအေဂျင်စီ တည်ထောင်မည်ဟု သြစတြေးလျ ကြေညာ

သြစတြေးလျမှာ ကိုယ်ပိုင် အာကာသအေဂျင်စီ တည်ထောင်တော့မယ်လို့ သြစတြေးလျ အစိုးရက စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အဒယ်လိဒ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အာကာသသိပ္ပံပညာဆိုင်ရာ ညီလာခံမှာ သြစတြေးလျ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး ဝန်ကြီးက ကြေညာခဲ့တာပါ။

အချိန်ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ အဲဒီကြေညာချက်ကို လက်ရှိစီးပွားရေးနဲ့ သိပ္ပံပညာ အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး ကြေညာခဲ့တာ ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

ကုလသမဂ္ဂ သတ်မှတ်ချက်များအရ မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုကို တရုတ် စတင်ကန့်သတ်

ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို လေးစားလိုက်နာသည့် အနေဖြင့် မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုကို တရုတ်က စတင် ကန့်သတ် လျှော့ချခဲ့ကြောင်း သိရသည်။ တရုတ်သည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဖက် ဖြစ်သလို ငွေမာ ရရှိစေသည့် အဓိကရင်းမြစ် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ သို့သော် ကုလသမဂ္ဂ သတ်မှတ်ချက်များအရ တရုတ်သည် မြောက်ကိုရီးယားထံမှ အဝတ်အထည် ဝယ်ယူတင်သွင်းမှုကို လျှော့ချပြီး မြောက်ကိုရီးယားသို့ ရေနံ ရောင်းချမှုကိုလည်း ကန့်သတ်သွားမည် ဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် မာကယ် လေးကြိမ်မြောက်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရ

ဂျာမနီနိုင်ငံ Social Democrats ပါတီအတွက် အကြီးအကျယ် စိတ်ပျက်ဖွယ် ဖြစ်စေခြင်းနှင့် လက်ယာစွန်း Alternative for Germany ပါတီအတွက် သိသိသာသာ တိုးတက်မှု ဖြစ်ခဲ့သည့် ရွေးကောက်ပွဲနေ့တွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကသာ လေးကြိမ်မြောက်အဖြစ် ရွေးကောက်ပွဲတွင် ဆက်လက် အရွေးခံရသည်။

တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ဘိုးရင်းလေယာဉ် သုံးစီးကို လေလံတင်

တရုတ်နိုင်ငံတွင် Tao-bao အွန်လိုင်းကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီမှတစ်ဆင့် ဘိုး ရင်းလေယာဉ် ၇၄၇ သုံးစီးကို လေလံတင်ထားရာ ကိုယ်ပိုင်ဂျက် လေယာဉ် ဝယ်ယူလိုသူများအ တွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။

၂၀၁၃ စက်တင်ဘာတွင် Jade Cargo International လေ ကြောင်းလိုင်းက ဒေဝါလီခံပြီး နောက် အဆိုပါလေယာဉ်သုံးစီး ကို ရှန်ဟိုင်းမြို့နှင့် ရှန်ဇန်မြို့တို့ တွင် သိမ်းဆည်းထားခြင်းဖြစ် သည်။

ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် လစ်ဗျားရှိ အိုင်အက်စ်များကို အမေရိကန် လေကြောင်းမှတိုက်ခိုက်

သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဖရိက မြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို အမေရိကန်စစ်ဘက်က လက်တွေ့ပါဝင် တိုက်ခိုက်ခြင်းသည် ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ရန်စမှုများ ရှိလာလျှင် အမေရိကန် ထောက်ခံသည့် ဆီးရီးယား သူပုန်များကို တိုက်ခိုက်မည်ဟု ရုရှားသတိပေး

လှုံ့ဆော် ရန်စလာသည်ဟု ယူဆပါက အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား သူပုန်တပ်များကိုပါ တိုက်ခိုက်မည်ဟု ရုရှားက သတိပေး ပြောကြားလိုက်သည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက သမ္မတ ဘာရှာ အယ်လ်အာဆတ်ဘက်မှ ရပ်တည်ပြီး အမေရိကန်ကမူ အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် သူပုန်အင်အားစုများကို ထောက်ပံ့ ကူညီလျက် ရှိသည်။ ထိုအင်အားစု နှစ်ခုစလုံးသည် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်သည့် အခါတွင်မူ မူအားဖြင့် အချင်းချင်း ရန်မပြုကြချေ။

မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းမှုဖြင့်သာ အဖြေရှာရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၂ 

မြောက်ကိုရီးယားအရေးကိစ္စကို ဖြေရှင်းရာတွင် ဆွေးနွေးညှိုနှိုင်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်   ဖြစ်ကြောင်းနှင့်   ပြုံယမ်းအစိုးရအနေဖြင့်လည်း နျူကလီးယားလက်နက်ကို လက်ကိုင်မပြုထားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက ကြာသာပတေးနေ့တွင် သတိပေးပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ကျနော်တို့လက်မလျှော့သင့်ပါဘူး။ ဆွေးနွေးညှိုနှိုင်းမယ့် နည်းလမ်းတစ်ခုတည်းကသာ ဒီကိစ္စကိုဖြေရှင်းနိုင်မှာဖြစ်ပြီး ကျနော်တို့ကြိုးစားကြည့်သင့်ပါတယ်” ဟု ၀မ်ရီက ကုလသမဂ္ဂအထွေထွေ အစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

ဒူတာတေးအား ဆန့်ကျင်သူနှင့် ထောက်ခံသူများ လမ်းများပေါ် တန်ပြန်ဆန္ဒပြ

မနီလာ၊ စက်တင်ဘာ ၂၂

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အသေအကြေများပြားသော မူးယစ်ဆေးဝါး စစ်ပွဲနှင့် မာရှယ်လော ပြဌာန်းမည် ခြိမ်းခြောက်မှုများအပေါ် နိုင်ငံအနှံ့   ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားပြီး ဆန့်ကျင်ကန့်ကွက်သူများနှင့် ထောက်ခံသူများ ထောင်ပေါင်းများစွာက စက်တင်ဘာ ၂၁ ရက်တွင် လမ်းများပေါ် တန်ပြန်ဆန္ဒပြကြသည်။