တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ဘိုးရင်းလေယာဉ် သုံးစီးကို လေလံတင်

တရုတ်နိုင်ငံတွင် Tao-bao အွန်လိုင်းကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီမှတစ်ဆင့် ဘိုး ရင်းလေယာဉ် ၇၄၇ သုံးစီးကို လေလံတင်ထားရာ ကိုယ်ပိုင်ဂျက် လေယာဉ် ဝယ်ယူလိုသူများအ တွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။

၂၀၁၃ စက်တင်ဘာတွင် Jade Cargo International လေ ကြောင်းလိုင်းက ဒေဝါလီခံပြီး နောက် အဆိုပါလေယာဉ်သုံးစီး ကို ရှန်ဟိုင်းမြို့နှင့် ရှန်ဇန်မြို့တို့ တွင် သိမ်းဆည်းထားခြင်းဖြစ် သည်။

ထိုကုမ္ပဏီ ဒေဝါလီခံရပြီး နောက် ယင်းလေယာဉ်သုံးစီးကို ရှန်ဇန်မြို့ရှိ တရားရုံးတစ်ရုံးက သိမ်းယူထားခဲ့၍ ခြောက်လကြာလေလံတင်သော်လည်း ဝယ်ယူ မည့်သူ မရှိခဲ့ပေ။

ထို့ကြောင့် ယင်းလေယာဉ် သုံးစီးကို ပထမဆုံးအွန်လိုင်းမှ လေလံတင်ရောင်းချရန် Taobao သို့ အဆိုပါ တရားရုံးက ကမ်းလှမ်းခဲ့သည်။

ယင်းလေယာဉ်တစ်စီးလျှင် ယွမ် ၁၂၂ သန်းမှ ၁၃၅ သန်းအ ထိ လေလံဈေးခေါ်ဆိုထားပြီး နို ဝင်ဘာ ၂၀ ရက်တွင် လေလံပိတ်သိမ်းမည်ဖြစ်သည်။

—Ref: BBC