အရေးယူ ပိတ်ဆို့မှုများဖြင့် ၎င်းတို့ကို ဟန့်တားနိုင်မည် မဟုတ်ဟု မြောက်ကိုရီးယား ကြေညာ

အရေးယူ ပိတ်ဆို့မှုများက မိမိတို့၏ နျူကလီးယားလက်နက် ရည်မှန်းချက်များ အကောင်အထည် ဖော်မှုကို ပိုမို မြန်ဆန်အောင် အရှိန်မြှင့်ပေးရာ ရောက်နေကြောင်း မြောက်ကိုရီးယား က သတိပေး ပြောကြားလိုက်သည်။

စပိန်အစိုးရက မြောက်ကိုရီးယားသံအမတ်ကြီးအား နိုင်ငံအတွင်းမှနှင်ထုတ်

မက်ဒရစ်မြို့ရှိမြောက်ကိုရီးယားသံရုံးမှ သံအမတ်ကြီးကင်မ်ဟွတ်ခ်ချိုလ်အား စက်တင်ဘာလအကုန်တွင် စပိန်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် မက်ဒရစ်အစိုးရက အမိန့်ပေးခဲ့ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒက်စ်တစ်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ပြုံယမ်းအစိုးရက နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်မှုများအား စဉ်ဆက်မပြတ်လုပ်ဆောင်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် တနင်္လာနေ့က မြောက်ကိုရီးယားသံအမတ်ကြီးကို စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားကာ မက်ဒရစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို အသိပေးခဲ့ကြောင်း ဒက်စ်တစ်က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ပြုံယမ်းတို့၏ လုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြိမ်းခြောက်နေသောကြောင့် စပိန်အစိုးရက ယခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိုင်အက်စ်အဖွဲ့က ရိုဟင်ဂျာအရေးကို အသုံးချပြီး လူငယ်တွေကို စည်းရုံး

ရိုဟင်ဂျာအရေးကို အသုံးချပြီး အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်အဖွဲ့က မလေးရှားနိုင်ငံသား လူငယ် တွေကို စည်းရုံးလူစုနေတယ်လို့ မလေးရှားအစိုးရ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ အကြီးအကဲတဦးဖြစ်သူ အယွတ်ခန် မိုင်ဒင်ပီချေးက ပြောကြားလိုက်ပါတယ်။

မလက္ကာပြည်နယ်မှာ ကျင်းပခဲ့တဲ့ ISIS အန္တရာယ်အရေး လူငယ်တွေ သိနားလည်ရေး ဆွေးနွေးပွဲအပြီးမှာ သူက မြန်မာနိုင်ငံဟာ ဆီးရီးယားတို့ ဖိလစ်ပိုင်တောင်ပိုင်းတို့နဲ့စာရင် မလေးရှားနဲ့ ပိုမိုနီးကပ်တာကြောင့် အိုင်အက်စ်အဖွဲ့က အကြမ်းဖက် ဂျီဟတ်စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို ပစ်မှတ်ထားနေတယ်လို့ ပြောသွားပါတယ်။

မလေးရှား ကျောင်းမီးလောင်မှုနှင့် ပတ်သက်၍ သံသယရှိသူ ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီးထား

မလေးရှား နိုင်ငံတွင် ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်မှုနှင့် ပတ်သက်ပြီး ကလေးနှင့် ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။  ပြီးခဲ့သည့် သီတင်းပတ်၊ စက်တင်ဘာ ၁၄ ရက်က ကွာလာလမ်ပူရှိ ကိုရန်ကျမ်းစာသင် ကျောင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ ကျောင်းသား ကလေးငယ် ၂၁ ဦးနှင့် ကျောင်းဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြသည်။ အဆိုပါကျောင်းသည် ယောက်ျားလေး သီးသန့် လက်ခံသင်ကြားပေးပြီး ကျောင်းသားများကို ကျောင်းအိပ် ကျောင်းစား လက်ခံထားသဖြင့် မနက် အစောပိုင်း မီးလောင်မှုတွင် အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။

အသံလှိုင်း တိုက်ခိုက်မှုများ ကြုံခဲ့ပြီးနောက် ကျူးဘားရှိ သံရုံးကို ပိတ်ရန် အမေရိကန် စဉ်းစားနေ

အသံလှိုင်း တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည့်နောက် ကျူးဘားရှိ သံရုံးကို ပိတ်သိမ်းရန် စဉ်းစားနေကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့သည်။ဟာဗားနားတွင် ဖွင့်လှစ်ထားသည့် အမေရိကန် သံရုံးကို ပိတ်သိမ်းရန် သင့်မသင့် မိမိတို့ ပြန်လည် စိစစ် သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ဆိုသည်။

ဂျပန်တွင် မုန်တိုင်းအန္တရာယ် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသမှာ မုန်တိုင်းတခု ချဉ်းကပ်လာတာကြောင့် မိုးများ၊ ရေကြီးတာတွေအတွက် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ လလောက်က ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ကြုံရပြီး အနည်းဆုံး လူ ၃၀ သေခဲ့ရတဲ့ ဒေသ အပါအဝင် ဂျပန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ လှိုင်းကြီးတာတွေ၊ မိုးများရေလျှံတာတွေအတွက် သတိပေးချက် အမြင့်ဆုံးအဆင့်ကို ဂျပန်မိုးလေဝသအေဂျင်စီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။

တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုကို လျှော့ချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို တားမြစ်မည်

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် လာမည့် ဆောင်းရာသီတွင် မြို့တွင်းရှိ အဓိက ပြည်သူ့လုပ်ငန်းများမှ ဆောက်လုပ်ရေး စီမံကိန်းများကို တာဝန်ရှိ သူများက တားမြစ်သွားမည် ဖြစ်ကြောင်း အစိုးရ သတင်းဌာနများက စက်တင်ဘာ ၁၇ ရက်တွင်ပြောသည်။

အမေရိကန်က ပြည်နှင်ဒဏ်ကိစ္စနှင့် ပတ်သက်၍ လေးနိုင်ငံအား ပြည်ဝင်ခွင့်ကန့်သတ်

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ အီရီထရီးယား၊ ဂီနီနှင့် ဆီရာယာလီယွန်နိုင်ငံများသည် ပြည်နှင်ဒဏ်ပေးခဲ့ရသည့် ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့သည့်အတွက် အမေရိကန် နိုင်ငံက ယင်းနိုင်ငံများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပြည်ဝင်ခွင့် ကန့်သတ်ခြင်းသည် စက်တင်ဘာ ၁၃ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး အခြေအနေ အချို့အပေါ်စဉ်းစားဆုံးဖြတ်၍ အချို့သောကဏ္ဍများမှ ပြည်ဝင်ခွင့် လျှောက်ထားသူများအပေါ် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဋ္ဌာနက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စင်ကာပူ၌ ပထမဆုံးအမျိုးသမီးသမ္မတကိုရွေးချယ်

စင်ကာပူ စက်တင်ဘာ ၁၃

စင်ကာပူပါလီမန်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ခဲ့သည့် ဟာလီမာ ရာကော့ပ်ကို ဗုဒ္ဓဟူးနေ့တွင် စင်ကာပူနိုင်ငံ၏ ရှစ်ယောက်မြောက်နှင့် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း၌ စင်ကာပူနိုင်ငံအတွင်းရှိမလေးအဖွဲ့အစည်းအတွက် သီးသန့်ရွေးချယ်ထားသည့် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူဖြစ်သည့် ၄င်းအား သမ္မတရွေးကောက်ပွဲဘုတ်အဖွဲ့က သမ္မတသစ် အဖြစ် ကြေညာခဲ့သည်။

မလေးရှားတွင် ဘာသာရေးကျောင်း မီးလောင်၍ ကလေး ၂၅ ဦးခန့် သေဆုံး

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄

မလေးရှားနိုင်ငံက ဘာသာရေးကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၄ ရက်က မီးလောင်မှုဖြစ်ရာ ကျောင်းသားကလေးငယ်အများစုအပါအဝင် လူပေါင်း ၂၅ ဦးသေဆုံးသဖြင့် နှစ်များစွာအတွင်း နိုင်ငံမှာ အဆိုးဆုံးကြုံရသည့် မီးဘေးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ မြို့တော် ကွာလာလမ်ပူမြို့လယ်မှာ ရှိသည့် အဆိုပါ ကိုအာန်ကျမ်းစာသင် နှစ်ထပ်အဆောက်အအုံ ကျောင်းတွင် အရုဏ်မတက်ခင်က မီးစတင်လောင်ခြင်း ဖြစ်သည်။