ကုလသမဂ္ဂ အရာရှိ တစ်ဦး က အမေရိကန် နိုင်ငံ သမ္မတ ၏ ပြောဆိုမှုများသည် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်ဟု ပြောကြား

ဂျီနီဗာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အဆင့်မြင့်အရာရှိ Zeid Hussein က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန် နိုင်ငံမီဒီယာများအပေါ် ဝေဖန်တိုက်ခိုက်သည့် ပြောဆိုမှုများသည် အနာဂတ်တွင် မကောင်းမွန်သည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့၌ ပြောကြား ခဲ့သည်။

ပြင်သစ်၏ ထိပ်တန်းဦးစားပေးမူဝါဒက အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးဟု မက်ခရွန် ပြော

ပါရီ၊ သြဂုတ် ၃၀ ။               ။ ပြင်သစ်နိုင်ငံ၏ ထိပ်တန်းဦးစားပေးသည် အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးပင်ဖြစ်သည်ဟု သမ္မတ အမ်မန်နျူရယ် မက်ခရွန်က အထူးနိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းတွင် သြဂုတ် ၂၉ ရက်က ထည့်သွင်းပြောကြားသည်။

“အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ပြီး ဒါက ကျွန်တော်တို့ နိုင်ငံသားတွေကို လုံခြုံရေး ကာကွယ်မှုပေးပါမယ်။”ဟု ပါရီတွင် ပြင်သစ်သံအမတ်ကြီး ၂၀၀ ခန့် တက်ရောက် သည့် တွေ့ဆုံပွဲမှာ မက်ခရွန်က ပြောသည်။

မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုကို ကုလလုံခြုံရေးကောင်စီ ပြစ်တင်ဝေဖန်

ဂျပန်နိုင်ငံပိုင်နက်ပေါ်မှဖြတ်၍ ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုနှင့်ပက်သက်၍ နယူးယောက်မြို့၌ အင်္ဂါနေ့ အနှောင်းပိုင်းက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့စဉ်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ထိုလုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပြုံယမ်းအစိုးရ အနေဖြင့် ၄င်းတို့၏လုပ်ရပ်ကို ချက်ချင်းရပ်တန့် ရမည်ဟု ရာဇသံပေးခဲ့သည်။

မြောက်ကိုရီးယားတို့၏ ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်မှုကို ပြင်းပြင်းထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကပြောခဲ့ပြီး လွန်ခဲ့သော သြဂုတ်လ ၂၅ ရက်နေ့နှင့် ပြီးခဲ့သောအင်္ဂါနေ့မနက်ပိုင်းက လုပ်ဆောင်ခဲ့သော ဒုံးကျည်စမ်းသပ်မှုများသည် တရားလွန်သော ခြိမ်းခြောက်မှု လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စက်တင်ဘာ ၃ ရက် မှ ၅ ရက်ထိ ကျင်းပမည့် BRICS Xiamen ထိပ်သီး အစည်းအဝေးတွင် ဥက္ကဋ္ဌ တာဝန်ယူမည်

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အရှေ့ တောင်ပိုင်း ဖူကျန်(Fujian) ပြည်နယ်၏ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ရှီမန်းမြို့ (Xiamen) ၌ စက်တင်ဘာလ ၃ ရက် မှ ၅ ရက်အထိ ကျင်းပမည့် BRICS Xiamen ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (သြဂုတ်လ ၃ဝ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်သည်။

အာဖဂန်ရှိ အမေရိကန်သံရုံးအနီး ဘဏ်တခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က အမေရိကန်သံရုံးအနီးရှိ ဘဏ်တခုမှာ သြဂုတ် ၂၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ကဘူးလ်ဘဏ်ခွဲတခုရဲ့ အဆောက်အဦဝင်ပေါက်ကို ထိခိုက်ခဲ့တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်  နာဂျစ်ဒန်းနစ်ရှ်က ပြောကြားပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဂျပန်နိုင်ငံက ဒုံးခွင်းဒုံးအသုံးပြု စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်ပြီးနောက် နာရီပိုင်းအကြာမှာ ဂျပန်လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ဒုံးခွင်းဒုံးစနစ် PAC-3 ကို အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းကို ဒီနေ့မနက်ပိုင်းက တိုကျိုမြို့ရှိ ယိုကိုတာ အမေရိကန် စစ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ပတ်ထရီယော့ အဆင့်မြင့် ဒုံးခွင်းဒုံး အမှတ် – ၃ ဒါမှမဟုတ် PAC-3 လို့ အမည်ရတဲ့စနစ်ကို အသုံးပြုခဲ့ပါတယ်။

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံး ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ပင်လယ်ထဲ ကျ

မြောက်ကိုရီးယားတို့ သြဂုတ်လ ၂၉ ရက်က ပစ်လွှတ်လိုက်ပြန်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ပြီး ဟော့ကိုင်းဒိုးကျွန်းအနီး ပင်လယ်ထဲ ကျသွားခဲ့တယ်လို့ ဂျပန်အစိုးရနဲ့ တောင်ကိုရီးယားစစ်တပ်တို့က ပြောပါတယ်။

ပြုံယမ်းအာဏာပိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့အတူ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေစေချိန်မှာပဲ ယခုတစ်ကြိမ် နောက်ထပ် ပစ်လွှတ်မှုတစ်ခုကို ထပ်မံလုပ်ဆောင် လာခဲ့ပြန်တာဖြစ်ပါတယ်။

တရုတ်မြေပြိုမှု ပျောက်ဆုံးနေသူ ၃၂ ဦးအထိ ရှိလာ

ပေကျင်း၊ သြဂုတ် ၂၉

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျေးလက်ဒေသတွင် ဖြစ်ပွားသော အိမ်ခြေဒါဇင်များစွာကို ဝါးမြိုခဲ့သည့် မြေပြိုမှုတွင် ပျောက်ဆုံးသူဦးရေမြင့်တက်လာပြီး ၃၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

သြဂုတ် ၂၈ ရက်က Guizhou ပြည်နယ် Bijie မြို့တွင် ဖြစ်ပွားသော ယင်းမြေပြိုမှုအတွင်း သေဆုံးသူ သုံးဦးကို တွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိကြောင်း ဒေသအစိုးရ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

မူးယစ်နှိမ်နင်းမှုအတွင်း အဖမ်းခံရန် ငြင်းဆန်သူများကို သတ်ရန် ခွင့်ပြုဟု ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းမှုအတွင်း အဖမ်းခံဖို့ ငြင်းဆန်တဲ့ လူတွေကို သတ်ဖို့ ခွင့်ပြုတယ်လို့ သမ္မတ ရိုဒရီဂို ဒူတာတေက ရဲတပ်ဖွဲ့ဝင်တွေကို  ပြောလိုက်ပါတယ်။

အသတ်ခံရတဲ့ ဆယ်ကျော်သက်တယောက်ရဲ့ ဈာပနပွဲကို ရာနဲ့ချီတဲ့လူတွေ တက်ရောက်ရင်း လူအသေ အပျောက်များတဲ့ မူးယစ်စစ်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

ကုလသမဂ္ဂအရာရှိတစ်ဦးကို သမ္မတက နှင်ထုတ်ရန်ကြိုးပမ်းမှုကြောင့် ဂွာတီမာလာ၌ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်ပေါ်

ဂွာတီမာလာသမ္မတ ဂျင်မီမိုရာလက်စ်သည် အကျင့်ပျက်ခြစားမှုနှင့် ပက်သက်၍ သူ့ကိုသံသယ ရှိနေသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ကုလသမဂ္ဂမှအရာရှိတစ်ဦးအား တနင်္ဂနွေနေ့က နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ကြိုးပမ်းခဲ့သည့်အချိန်မှစတင်ပြီး ဂွာတီမာလာ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားလျက် ရှိသည်။

လူဦးရေ ၁၅သန်းရှိသည့် ဗဟိုအမေရိကမှ နိုင်ငံလေးဖြစ်သော ဂွာတီမာလာ၌ ယခုလိုမျိုး အကျင့်ပျက်ခြစားမှု ဖြစ်ရပ်ကြောင့် လွန်ခဲ့သော ၂နှစ်ခန့်က သမ္မတဟောင်းတစ်ဦး ဖြုတ်ချခံခဲ့ ရဖူးသည်။ ဒါ့အပြင်ယင်းကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံအများအပြားနှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ ဝေဖန်ထိုးနှက်မှုကို ခံခဲ့ရသည်။