စင်ကာပူ၌ ပထမဆုံးအမျိုးသမီးသမ္မတကိုရွေးချယ်

စင်ကာပူ စက်တင်ဘာ ၁၃

စင်ကာပူပါလီမန်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ခဲ့သည့် ဟာလီမာ ရာကော့ပ်ကို ဗုဒ္ဓဟူးနေ့တွင် စင်ကာပူနိုင်ငံ၏ ရှစ်ယောက်မြောက်နှင့် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း၌ စင်ကာပူနိုင်ငံအတွင်းရှိမလေးအဖွဲ့အစည်းအတွက် သီးသန့်ရွေးချယ်ထားသည့် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူဖြစ်သည့် ၄င်းအား သမ္မတရွေးကောက်ပွဲဘုတ်အဖွဲ့က သမ္မတသစ် အဖြစ် ကြေညာခဲ့သည်။

ဟာလီမာရာကော့ပ်သည် ကြာသပတေးနေ့ ညနေခင်းတွင် စင်ကာပူသမ္မတ သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယခုရွေးကောက်ပွဲ သည် သီးသန့်ရွေးကောက်ပွဲတစ်ခုဖြစ်သော်လည်း ¤င်းသည်သီးသန့်ရွေးချယ်ထားသည့် သမ္မတမဟုတ်ကြောင်း အောင်ပွဲရရှိပြီးနောက် ¤င်းကိုထောက်ခံသူများ အား ပြောကြား ခဲ့သည်။

အားလုံးနှင့်အတူအလုပ်လုပ်သွားမည်ဖြစ်ပြီး လူတိုင်းကို ကိုယ်စားပြုသွားမည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံ၏အကြီးအကဲနေရာအတွက်အမည်စာရင်းတင်သွင်းမှုပြုလုပ်သည့် People’s Association ရုံးချုပ်တွင် သမ္မတသစ်ဟာလီမာရာကော့ပ်(၃၆နှစ်)က ထိုသို့မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်သြဂုတ်လကစင်ကာပူသမ္မတဟောင်းတိုနီတင်ကန်ယန်း၏ ခြောက်နှစ် တာဝန်ထမ်းဆောင်မှု ပြီးဆုံးခဲ့ ပြီးနောက် စက်တင်ဘာလမှစတင်ကာ သမ္မတအကြံပေးကောင်စီဥက္ကဋ္ဌ ဂျေဝိုင်ပီလေးက သမ္မတသစ် မရွေးချယ်မီ အချိန်အထိ ခေတ္တသမ္မတ တာဝန်ဆောင်ရွက်ခဲ့သည်။

(ဆင်ဟွာ)