မလေးရှား နိုင်ငံတွင် ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်မှုနှင့် ပတ်သက်ပြီး ကလေးနှင့် ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်၊ စက်တင်ဘာ ၁၄ ရက်က ကွာလာလမ်ပူရှိ ကိုရန်ကျမ်းစာသင် ကျောင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ ကျောင်းသား ကလေးငယ် ၂၁ ဦးနှင့် ကျောင်းဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြသည်။ အဆိုပါကျောင်းသည် ယောက်ျားလေး သီးသန့် လက်ခံသင်ကြားပေးပြီး ကျောင်းသားများကို ကျောင်းအိပ် ကျောင်းစား လက်ခံထားသဖြင့် မနက် အစောပိုင်း မီးလောင်မှုတွင် အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။
အသံလှိုင်း တိုက်ခိုက်မှုများ ကြုံခဲ့ပြီးနောက် ကျူးဘားရှိ သံရုံးကို ပိတ်ရန် အမေရိကန် စဉ်းစားနေ
အသံလှိုင်း တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည့်နောက် ကျူးဘားရှိ သံရုံးကို ပိတ်သိမ်းရန် စဉ်းစားနေကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့သည်။ဟာဗားနားတွင် ဖွင့်လှစ်ထားသည့် အမေရိကန် သံရုံးကို ပိတ်သိမ်းရန် သင့်မသင့် မိမိတို့ ပြန်လည် စိစစ် သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ဆိုသည်။
ဂျပန်တွင် မုန်တိုင်းအန္တရာယ် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်
ဂျပန်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသမှာ မုန်တိုင်းတခု ချဉ်းကပ်လာတာကြောင့် မိုးများ၊ ရေကြီးတာတွေအတွက် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်က ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ကြုံရပြီး အနည်းဆုံး လူ ၃၀ သေခဲ့ရတဲ့ ဒေသ အပါအဝင် ဂျပန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ လှိုင်းကြီးတာတွေ၊ မိုးများရေလျှံတာတွေအတွက် သတိပေးချက် အမြင့်ဆုံးအဆင့်ကို ဂျပန်မိုးလေဝသအေဂျင်စီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။
တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုကို လျှော့ချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို တားမြစ်မည်
တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် လာမည့် ဆောင်းရာသီတွင် မြို့တွင်းရှိ အဓိက ပြည်သူ့လုပ်ငန်းများမှ ဆောက်လုပ်ရေး စီမံကိန်းများကို တာဝန်ရှိ သူများက တားမြစ်သွားမည် ဖြစ်ကြောင်း အစိုးရ သတင်းဌာနများက စက်တင်ဘာ ၁၇ ရက်တွင်ပြောသည်။
အမေရိကန်က ပြည်နှင်ဒဏ်ကိစ္စနှင့် ပတ်သက်၍ လေးနိုင်ငံအား ပြည်ဝင်ခွင့်ကန့်သတ်
ဝါရှင်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယား၊ အီရီထရီးယား၊ ဂီနီနှင့် ဆီရာယာလီယွန်နိုင်ငံများသည် ပြည်နှင်ဒဏ်ပေးခဲ့ရသည့် ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့သည့်အတွက် အမေရိကန် နိုင်ငံက ယင်းနိုင်ငံများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပြည်ဝင်ခွင့် ကန့်သတ်ခြင်းသည် စက်တင်ဘာ ၁၃ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး အခြေအနေ အချို့အပေါ်စဉ်းစားဆုံးဖြတ်၍ အချို့သောကဏ္ဍများမှ ပြည်ဝင်ခွင့် လျှောက်ထားသူများအပေါ် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဋ္ဌာနက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူ၌ ပထမဆုံးအမျိုးသမီးသမ္မတကိုရွေးချယ်
စင်ကာပူ စက်တင်ဘာ ၁၃
စင်ကာပူပါလီမန်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ခဲ့သည့် ဟာလီမာ ရာကော့ပ်ကို ဗုဒ္ဓဟူးနေ့တွင် စင်ကာပူနိုင်ငံ၏ ရှစ်ယောက်မြောက်နှင့် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ရွေးကောက်ပွဲအတွင်း၌ စင်ကာပူနိုင်ငံအတွင်းရှိမလေးအဖွဲ့အစည်းအတွက် သီးသန့်ရွေးချယ်ထားသည့် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူဖြစ်သည့် ၄င်းအား သမ္မတရွေးကောက်ပွဲဘုတ်အဖွဲ့က သမ္မတသစ် အဖြစ် ကြေညာခဲ့သည်။
မလေးရှားတွင် ဘာသာရေးကျောင်း မီးလောင်၍ ကလေး ၂၅ ဦးခန့် သေဆုံး
ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄
မလေးရှားနိုင်ငံက ဘာသာရေးကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၄ ရက်က မီးလောင်မှုဖြစ်ရာ ကျောင်းသားကလေးငယ်အများစုအပါအဝင် လူပေါင်း ၂၅ ဦးသေဆုံးသဖြင့် နှစ်များစွာအတွင်း နိုင်ငံမှာ အဆိုးဆုံးကြုံရသည့် မီးဘေးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ မြို့တော် ကွာလာလမ်ပူမြို့လယ်မှာ ရှိသည့် အဆိုပါ ကိုအာန်ကျမ်းစာသင် နှစ်ထပ်အဆောက်အအုံ ကျောင်းတွင် အရုဏ်မတက်ခင်က မီးစတင်လောင်ခြင်း ဖြစ်သည်။
ပိတ်ဆို့မှုအသစ်များပြုလုပ်ခဲ့မှုအပေါ် မြောက်ကိုရီးယားက တုံ့ပြန်လိမ့်မည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန် ပြောကြား
ပြုံယမ်း စက်တင်ဘာ ၁၃
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ခဲ့သည့် အရေးယူပိတ်ဆို့မှုများ အတွက် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းတွင် အခက်ခဲဆုံးသော အခြေအနေ သို့ ရောက်ရှိလာစေမည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်လာ လိမ့်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန် ကင်ဟွန် ဂျွန်းက အဂ¯နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
အိမ်ဖြူတော်တွင် မလေးရှားဝန်ကြီးချုပ်အား တွေ့ဆုံစဉ် ထရမ့်က ချီးမွှမ်း
ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၃
အမေရိကန် ကုမ္ပဏီများတွင် မလေးရှားနိုင်ငံက ငွေကြေးရင်းနှီးမြုပ်နှံမှုများအတွက် ဝန်ကြီးချုပ် နာဂျစ်အား ဂုဏ်ယူချီးကျုးပါကြောင်း စက်တင်ဘာ ၁၂ ရက်က အိမ်ဖြူတော်တွင် လာရောက်တွေ့ဆုံစဉ် ထရမ့်က ပြောလိုက်ပြီး အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ကူညီခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ဆိုသည်။
ပြင်သစ်၌ အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သပိတ်မှောက်
ပဲရစ်၊ စက်တင်ဘာ ၁၃
ပြင်သစ်နိုင်ငံမှ ကုန်သွယ်မှုသမဂ္ဂအများအပြားသည် သမ္မတအမိန့်ဖြင့် အတည်ပြုတော့မည့် အလုပ်သမား ဥပဒေပြောင်းလဲမှုမူကြမ်းကို ဆန့်ကျင်သည့်အနေဖြင့် အင်္ဂါနေ့တွင် သပိတ်မှောက်မှုများ၊ဆန္ဒထုတ်ဖော်မှုများကို စီစဉ်ပြုလုပ်ခဲ့ကြသည်။
အထွေထွေအလုပ်သမားအဖွဲ့အစည်း (CGT) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအလုပ်သမားအစည်းအရုံး (UNSA) နှင့် ကျောင်းသားသမဂ္ဂ ( UNEF) တို့သည် အလုပ်သမားဈေးကွက်ကို ပိုမိုပြောင်းလွယ် ပြင်လွယ်အောင် လုပ်ဆောင် သွားမည့် သမ္မတအီမန်နျူရယ်မက်ခရွန်၏ အစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြ သည်။