တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုကို လျှော့ချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို တားမြစ်မည်

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် လာမည့် ဆောင်းရာသီတွင် မြို့တွင်းရှိ အဓိက ပြည်သူ့လုပ်ငန်းများမှ ဆောက်လုပ်ရေး စီမံကိန်းများကို တာဝန်ရှိ သူများက တားမြစ်သွားမည် ဖြစ်ကြောင်း အစိုးရ သတင်းဌာနများက စက်တင်ဘာ ၁၇ ရက်တွင်ပြောသည်။

တာဝန်ရှိသူများသည် ပေကျင်းမြို့တွင်းရှိ ရပ်ကွက်ခြောက်ခုနှင့် ပတ်ဝန်းကျင်ရှိ ဆင်ခြေဖုံး ဒေသမှ လူနေ အိမ်များ ဖြိုချသည့် လုပ်ငန်းများကဲ့သို့ လမ်းဆောက်လုပ်ရေး စီမံကိန်းနှင့် ရေစီမံကိန်း စသည့် ဆောက်လုပ်ရေး ဆိုင်ရာ စီမံကိန်းများ အားလုံးကို နိုဝင်ဘာ ၁၅ ရက်မှ ၂ဝ၁၈ ခုနှစ် မတ် ၁၅ ရက်အထိ လုပ်ငန်းလည်ပတ်ခွင့် တားမြစ်သွားမည် ဖြစ်ကြောင်း Xinhua သတင်းဌာနက ထုတ်ပြန်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများ ပိတ်ပင် ထားသည့် အချိန်ကာလ လေးလအတွင်း မြို့တွင်းရှိ လူနေအိမ်များနှင့် အခြားသော အဆောက်အအုံ များကို အပူပေးစနစ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းလုပ်ဆောင်ရာ ဆိုးကျိုး အနေဖြင့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုများ ဖြစ်ပွားလာပြီး နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခြင်း ကြောင့် အဆိုပါ ပတ်ဝန်းကျင် ညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုကို လုပ်ဆောင်လျက်ရှိရာ ယခုအခါ လေးနှစ်မြောက် ရှိလာပြီဖြစ်ကြောင်း သိရသည်။

(မြ၀တီ)