မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကို ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်အတွင်း ထည့်သွင်း

ဝါရှင်တန် စက်တင်ဘာ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မူလက ¤င်းချမှတ်ထားခဲ့သည့် ခရီးသွား လာခွင့်ပိတ်ပင်မှုစာရင်းတွင် မြောက် ကိုရီးယား၊ ဗင်နီဇွဲလားနှင့်ချက်သမ္မတ နိုင်ငံတို့မှ နိုင်ငံသားများကို ထည့်သွင်း ကာ နိုင်ငံရှစ်ခုအထိ ပိတ်ပင်မှုကိုတိုးမြှင့် လိုက်ပြီး ခရီးသွားလာမှုကန့်သတ်ချက်အသစ်များထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

အီရန်၊လစ်ဗျား၊ဆီးရီးယား၊ယီမင်နှင့် ဆိုမာလီယာနိုင်ငံတို့ကို အသစ်ချမှတ် လိုက်သည့်ကန့်သတ်မှုတွင် ထည့်သွင်း ခြင်းမရှိဘဲချန်လှပ်ထားခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်မှုသည် အမေရိ ကန်ပြည်ထောင်စု၏ လူဝင်မှု ကြီးကြပ်ရေး နည်းဥပဒေကို ခိုင်မာစေရန်နှင့် ထရန့်၏ America First နိုင်ငံခြားရေးမူဝါဒကို ချိန်ညှိရန် ရွေးကောက်ပွဲအတွက်မဲဆွယ် စည်းရုံးစဉ်ကာလအတွင်း ပေးအပ်ခဲ့သည့် ကတိကို အောင်မြင်ပြီးမြောက်စေရန် ကူညီပေးလျက်ရှိသည်။
အမေရိကန်ကို ဘေးကင်းလုံခြုံစေ ရေးသည်၎င်း၏နံပါတ်တစ်ဦးစားပေး ဖြစ်ကြောင်းထရန့်က ပြောကြား ခဲ့သည်။ ခရီးသွားလာမှုကိုကန့်သတ်သည့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ပြီးမကြာမီမှာပင် ထရန့်က အဆိုပါ ပုဂ္ဂိုလ်များကို နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန်ခွင့်မပြုပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

မတ်လကချမှတ်ခဲ့သည့်ပိတ်ပင်မှုမှာ တနင်္ဂနွေနေ့ညနေခင်းတွင် သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည်။ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်သည့်USAနိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့ က ယင်း ပိတ်ဆို့မှုများမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး ရက်စက်သည့်ဆောင်ရွက်မှုဟု ဝေဖန်ရှုတ် ချလိုက်သည်။

(ရိုက်တာ)